Featured

ကုတင်နံပါတ်(၁၉)ကလူနာ

ကုတင်နံပါတ်(၁၉)ကလူနာ

အေအိုင်ဒီအက်စ် ရောဂါသည်တစ်ဦး သားဖွားဆောင်ထဲ ရောက်နေတယ်ဆိုတဲ့ သတင်းက
အိုးပူပူထဲ ပေါက်ပေါက် ထည့်ဖောက်လိုက်သလို သားဖွားဆောင်တစ်ခုလုံး ချက်ချင်းပေါက်ကွဲသွားခဲ့တယ်။ အစည်းအဝေးတုန်းက ဆေးရုံအုပ်ရှေ့မှာ ဘာမှမဟရဲခဲ့ကြပေမယ့် အစည်းအဝေးအပြီးမှာ နပ်စ်တွေက အချင်းချင်းဝိုင်းအုံဖွဲ့ကြပြီး “ရောဂါကူးခဲ့ရင် ဘယ်သူတာဝန်ယူမလဲ?” လို့ငြင်းခုံခဲ့ကြတယ်။

ဆရာဝန်တစ်ချို့ကတောင် “လူနာသုံးတဲ့ ခွဲစိပ်ကိရိယာတွေ၊ အိပ်ရာခင်းတွေကတစ်ဆင့် တစ်ခြားလူနာတွေကို ပြန်ကူးစက်ရင် ဘယ်လိုလုပ်မလဲ?” လို့ ညည်းတွားနေကြတယ်။

ညည်းခဲ့ ငြင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လူနာနေဖို့ အခန်းကိုစီစဉ်ခဲ့ကြရတယ်။ ဆေးရုံအုပ်ကြီးကိုယ်တိုင် လူနာအတွက် စပ္ပါယ်ရှယ်အခန်းက ကုတင် နံပါတ် (၁၉)ကို ရွေးပေးခဲ့တယ်။ လာဘ်နံပါတ်လို့ ပြောပါတယ်။နပ်စ်မှူး တာဝန်ခွဲတော့ ကုတင် (၁၉)က လူနာကို ဘယ်သူမှသွားမကြည့်ချင်ခဲ့ကြဘူး။ နောက်ဆုံး ကျောင်းပြီးတာ သုံးလတောင်
မပြည့်သေးတဲ့ ကျွန်မ ကုတင် (၁၉) အတွက် မားမားမတ်မတ် ထွက်ရပ်ခဲ့တယ်။

အခန်းထဲ စဝင်တဲ့နေ့မှာ လက်ရှည်အကျီင်္၊ မျက်နှာဖုံး၊ ဦးထုပ်ဆောင်းရုံသာမက အထူဆုံး လက်အိတ်တစ်စုံကိုပါ ကျွန်မရွေးခဲ့မိတယ်။ ကုတင်(၁၉)ကလူနာကုတင်ဘောင်ကိုမှီပြီး မွေးဖွားခါနီး ဗိုက်ကို ပွတ်သပ်လို့အခန်းထဲဝင်လာတဲ့ ကျွန်မကို ပြုံးပြကြိုဆိုနေတယ်။ ဒီလိုရောဂါရထားတဲ့ အမျိုးအမီးတစ်ယောက်က တစ်ခြားလူတွေထက် တမူထူးခြားနေမယ်လို့ ကျွန်မထင်ခဲ့မိတယ်။ တကယ်တမ်း သူ့ကိုတွေ့တော့ သာမန်အမျိုးသမီး တစ်ဦးပါပဲ။ဆံပင်ခပ်တိုတို၊ ဂါဝန် ပွပွကြီးကြီးကို ဝတ်ဆင်ထားပြီး ကွင်းထိုးဖိနပ်အနက်ရောင်ကို စီးထားတယ်။ ပါးပြင်တစ်ဖက်တစ်ချက်မှာ တင်းတိတ်တွေနဲ့ ပြည့်နေတဲ့ သူ့ပုံစံက လုံးဝစံမီတဲ့ မိခင်လောင်းတစ်ဦးဖြစ်တယ်။

“မင်္ဂလာပါ”

ဖော်ဖော်ရွေရွေ နှုတ်ဆက်လာတဲ့ သူ့ကို လှိုက်ဖိုနေတဲ့ ရင်အစုံနဲ့ အေးစက်စက် ကျွန်မ ပြန်ပြုံးပြလိုက်မိတယ်။ ပထမဆုံးရက်မှာပဲ လူနာကို သွေးစစ်ရတယ်။သွေးက ရောဂါကူးစက်ရမှာ အဓိကဖြစ်တဲ့အတွက် သူ့ကို သွေးစုတ်ဖို့ရာ ကျွန်မတစ်ကိုယ်လုံး ထုံကျင်နေမိတယ်။

ကျွန်မ စိတ်လှုပ်ရှားလွန်းလို့လားမသိ! သွေးစုတ်ဖို့ အပ်ကို သွေးကြောထဲ ရောက်အောင် မထိုးနိုင်ခဲ့ဘူး။ လွဲချော်သွားတဲ့ အပ်ကြောင့် သူ့မျက်ခုံးတွန့်သွားတာကို ကျွန်မမြင်လိုက်တယ်။ သွေးစုတ်ဖို့ ဖန်ပြွန်တွေ၊ဂွမ်းစတွေနဲ့ ကျွန်မ ပျာများနေမိတယ်။ သူ့သွေးတွေ ကျွန်မကိုယ်ပေါ် လုံးဝမပေကျံဖို့ ဂရုစိုက်ရသေးတယ်။ သွေးစုတ်ပြီးနောက် သူ့မျက်နှာကို
ကျွန်မကြည့်လိုက်မိတယ်။ မျက်နှာက ပကတိ အေးချမ်းတည်ငြိမ်လို့……

“ကျေးဇူးတင်ပါတယ်”

ယဉ်ယဉ်ကျေးကျေးနဲ့ နွေးနွေးထွေးထွေး ဆက်ဆံလာတဲ့ သူ့ကို ပညာတတ် လူတန်းစားထဲကမှန်း ကျွန်မရိပ်မိလိုက်တယ်။

” ဟို .. ကုတင်(၁၉)က လူနာလေ ဘယ်လိုကြည့်ကြည့် အဲဒီရောဂါရှိတဲ့ လူနာနဲ့ကို မတူဘူး သိလား” နပ်စ်နားနေဆောင် ရောက်ရောက်ချင်း ကျွန်မ မအောင့်နိုင်ဘဲပြောလိုက်မိတယ်။

“ဒီလိုရောဂါရတဲ့ လူနာကို ဘယ်လိုပုံစံနဲ့ မြင်ချင်လို့လဲ?” တာဝန်ကျဒေါက်တာတစ်ဦးရဲ့ စကားက ကျွန်မ စကားလမ်းကြောင်းကို ပိတ်ပစ်လိုက်တယ်။

“နပ်စ် .. ဒါကို ကြည့်လိုက်ဦး”

ဒေါက်တာက ပြောပြောဆိုဆို လူနာရဲ့ဆေးမှတ်တမ်းတွေ ကျွန်မကို ကမ်းပေးတယ်။ဆေးမှတ်တမ်းကို ကျွန်မတစ်ရွက်ချင်း လှန်ကြည့်လိုက်တယ်။ သူ ကံတော်တော် မကောင်းခဲ့ရှာဘူး။ သူဟာ တက္ကသိုလ်ကျောင်း တစ်ခုက ဆရာမပါ။ငယ်ရွယ်ထက်မြက်တဲ့သူက အသက် ၃ဝမှာ တွဲဖက်ပါမောက္ခ ဖြစ်နေပါပြီ။
သူ့အနာဂတ်လမ်းက ဖြောင့်ဖြူးနေခဲ့ပါတယ်။ ဒါပေမယ့် ခရီးတစ်ခုမှာ မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး အရေးတကြီး သွေးသွင်းခဲ့ရတယ်။ အဲဒီမှာ HIV ရောဂါကူးစက်ခံခဲ့ရတာပါပဲ။

သွေးသွင်းခဲ့လို့ ရောဂါကူးစက်ခံရမယ်လို့ ဘယ်သူမှ တွေးမထားခဲ့မိဘူး။ သူကိုယ်ဝန်ရပြီး စစ်ဆေးမှုတွေ ပြုတဲ့အချိန်ကျမှ ကူးစက်ခံရမှန်း သိခဲ့ရတယ်။
အဲဒီနောက် သူ့ဘဝ တစ်မျိုးတစ်ဖုံ ပြောင်းခဲ့ရတယ်။ လောကကြီးကိုမျက်နှာမပြရသေးတဲ့ ရင်သွေးငယ်ကိုလည်း သနားမိတယ်။ အေအိုင်ဒီအက်စ် ရောဂါသည်မွေးဖွားတဲ့ ကလေးငယ်ဟာ ရောဂါကူးစက်ဖို့ ၂ဝ% ကနေ ၄ဝ% ထိရှိနိုင်တယ်လုိ့ ဆိုပါတယ်။ မွေးဖွားချိန်မှာ ဖြစ်လာနိုင်တဲ့ အခက်အခဲနဲ့ရောဂါ ကာကွယ်စက်စနစ်တွေ (Immune System) ပျက်စီးခဲ့ရင်အသက်ပါဆုံးရှုံးနိုင်ပါတယ်။

အခုချိန်မှာ သူဟာ မွေးဖွားချိန်ကို တစ်ဖက်ကစောင့်ရင်း သူ့ကိုသွေးသွင်းပေးခဲ့တဲ့ ဆေးရုံနဲ့ သွေးလှူဌာနကို တရားစွဲဆိုထားပါတယ်။လျှော်ကြေးငွေရမယ်လို့ ခန့်မှန်းထားပေမယ့် သူ့အတွက်ဘာများအသုံးဝင်တော့မလဲ?

ကုတင်(၁၉)ရဲ့ အမျိုးသား ရောက်လာတဲ့အချိန်မှာ သားဖွားဆောင်တစ်ခုလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားသေးတယ်။ အေအိုင်ဒီအက်စ် ဝေဒနာသည်တစ်ဦးရဲ့ခင်ပွန်းဟာ ဘယ်လိုပုံစံများပါလိမ့်? ကျွန်မသိချင်၊ မြင်ချင်ဇောနဲ့အခန်းကို စစ်ဆေးမယ့်ဟန်ပြုပြီး ဝင်ရောက်စပ်စုခဲ့တယ်။ လူနာကကုတင်ခေါင်းရင်းမှာ ထိုင်နေပြီး ခြေထောက်ကို ကုတင်နဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ခင်ပွန်းပေါင်ပေါ် ဆန့်ထားတယ်။ ပြီးတော့ငယ်ထိပ်ကနေ ဆံဖျားအထိ ဆံပင်ကို စိတ်အေးလက်အေး ဖြီးသင်နေတယ်။

ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ကြောင့် ဖောရောင်နေတဲ့ သူ့ခြေထောက်ကို ညင်ညင်သာသာ ဖိနှိပ်ပေးနေတယ်။ ဇနီးသည်ကို သနားကြင်နာမြတ်နိုးတဲ့ အပြုံးနဲ့ နွေးထွေးမှုတွေကို သူ့လက်ဖဝါးကနေ တစ်ဆင့် ဇနီးရဲ့ ကိုယ်ထဲကိုအရောက်ပို့နေခဲ့တယ်။

နေရောင်ခြည်က ပြတင်းပေါက်ကို ဖြတ်ပြီး အခန်းထဲမှာရှိတဲ့ ခင်ပွန်းရဲ့ လက်ပေါ်၊ ဇနီးရဲ့ ခြေပေါ်ကို အစက်အပျောက်အဖြင့်နဲ့ ထိုးကျလာခဲ့တယ်။
နေရောင်အောက်မှာ သူတို့ဟာ တကယ့် ပျော်ရွှင်စရာကောင်းတဲ့ ဇနီးမောင်နှံအဖြစ် ပိုအသက်ဝင်နေခဲ့ပါတယ်။

“ကလေးက ဘယ်သူနဲ့ ပိုတူမယ်လို့ ထင်လဲ?”

ကုတင်ထက်က အိပ်ရာခင်းကို ဆွဲဆန့်ရင်း သူတို့ပြောတဲ့စကားကို ကျွန်မ စိတ်မကောင်းစွာ နားထောင်နေမိတယ်။ တကယ်တော့ သူတို့ဟာ ပျော်စရာကောင်းတဲ့ မိဘလောင်းတွေပါလား?

“ကျွန်မနဲ့ ပိုတူမှာ ” ခပ်ချွဲချွဲ အမှုအရာနဲ့ သူပြောတယ်။

“အသားအရေတော့ တူလို့ မဖြစ်ဘူးနော်” ခင်ပွန်းက တစ်ဟားဟား ရယ်ရင်း
“ကြည့်စမ်း… ပါးပြင်ပေါ်မှာ အစက်အပျောက်တွေနဲ့ ကျားသစ်မနဲ့ တူနေပြီ”
သူ့ကိုစတယ်။ မျက်ရည်တွေ ပါးပြင်ပေါ် စီးမကျလာခင် အခန်းထဲကနေ ကျွန်မထွက်လာခဲ့တယ်။

HIV ရောဂါ ထိန်းချုပ်ပေးတဲ့ ဆေးတွေကို ကုတင်(၁၉) နေ့တိုင်းသောက်နေရတယ်။နေ့တိုင်း သွေးစစ်ရတယ်။ ဆီးစစ်ရတယ်။ ဖြူဖွေးပြည့်ဝတဲ့ သူ့လက်မောင်းနှစ်ခုလုံး လက်ဖဝါးကနေ လက်မောင်းအထိ အပ်ရာတွေနဲ့ ပြည့်နေခဲ့ပါပြီ။ မကျွမ်းကျင်တဲ့ ကျွန်မမှာ ကြောက်စိတ်တွေ ရောပါနေခဲ့လို့
အမြဲတမ်း အပ်ကို တစ်ချက်တည်းနဲ့ မသွင်းနိုင်ခဲ့ဘူး။ ဒါကို သူက တစ်ခါမှ စိတ်မဆိုးခဲ့တဲ့အပြင် ကျွန်မကို အေးအေးလေး ပြုံးကြည့်နေတတ်တယ်။

သူ့ကို ပြုစုတဲ့ တစ်ပတ်ကျော်ကျော် အတွင်းမှာ သူ့ကို တဖြေးဖြေးကျွန်မနှစ်သက်လာမိတယ်။ အခန်းထဲဝင်ရင် အကာအကွယ် ချပ်ဝတ်တန်ဆာတွေကို ကျွန်မဝတ်ဆင်ထားဆဲဖြစ်ပေမယ့် အပ်စိုက်ရာမှာ ပိုတိကျသေချာအောင်ကျွန်မဂရုစိုက်လာခဲ့တယ်။ သောက်ဆေးတွေကိုလည်း သူမှတ်မိတဲ့အထိ ထပ်သလဲလဲမှာဖြစ်ခဲ့တယ်။ တစ်ခါတလေ သူ့အတွက် လတ်ဆတ်တဲ့ နေကြာပန်းတွေကို ဝယ်ပြီးသူ့ကုတင်ရှေ့မှာ ကျွန်မ ပန်းအိုးထိုးထားတတ်တယ်။

သူ့ကိုယ်ဝန် အနေအထားအားလုံးက ပုံမှန်ဖြစ်တယ်။ ကလေးက အနည်းငယ် ထွားနေပြီးခေါင်းပိုင်းက မွေးဖွားရာလမ်းကြောင်းရဲ့ ၁ဝ စင်တီမီတာမှာ ရှိနေခဲ့တယ်။ဒါပေမယ့် မွေးဖွားရာမှာ ရောဂါမကူးစက်အောင် ဆရာဝန်က ဗိုက်ခွဲမွေးဖို့၊ခွဲစိပ်မယ့် အစီအစဉ်တွေ အားလုံးကို စီမံထားပြီးဖြစ်တယ်။

မွေးဖွားရက် နီးလာပါပြီ။ ခန့်မှန်းထားတဲ့ မွေးဖွားရက်ကတစ်ပတ်လိုသေးပေမယ့် ၃၁နှစ် သားဦးဖြစ်တာကတစ်ကြောင်း၊ အေအိုင်ဒီအက်စ်ရောဂါသည် ဖြစ်နေတာကတစ်ကြောင်းမို့ လူနာခန်း၊ ခွဲစိပ်ခန်းကို အသေးစိပ်ပြင်ဆင်ထားပြီး အဆင်သင့်အနေအထားမှာ နိုးနိုးကြားကြား ရှိနေခဲ့ကြတယ်။

ကုတင်(၁၉)က တည်ငြိမ်လွန်းတယ်။ နေ့တိုင်း စာဖတ်လိုက်၊သီချင်းနားထောင်လိုက်နဲ့ မွေးဖွားလာမယ့် ရင်သွေးအတွက် စာတွေ၊ ပုံတွေ ရေးဆွဲနေခဲ့တယ်။ အခုဆို သူ့ခေါင်းအုံးအောက်မှာ စာတွေ တစ်ထပ်ကြီး ရှိနေပါပြီ။

အရွယ်လွန်မှ ရတဲ့ ကိုယ်ဝန်ဖြစ်တဲ့အပြင် ရောဂါပါ ခံစားနေရပြီး ဘာဖြစ်လို့ ရင်သွေးငယ်အတွက် ဒီလောက်ထိ အားခဲနေရသလဲလို့ သူ့ကို ကျွန်မ မေးခဲ့တယ်။ကျွန်မမေးတဲ့ အမေးကို သူ မနှစ်သက်ဟန် မပြတဲ့အပြင် “ကလေးက ရောက်လာခဲ့ပြီပဲလေ။ သူ့အသက်ကို ကျွန်မ မဆုံးရှုံးသင့်ဘူး” လို့ခပ်ပြုံးပြုံး ပြန်ဖြေခဲ့တယ်။

ဆက်မေးသင့် မမေးသင့် ကျွန်မတစ်ချက်တွေဝေပြီး “တကယ်လို့ ရောဂါကူးခဲ့ရင် ဘယ်လိုလုပ်မလဲ?” လို့မေးလိုက်မိတယ်။

နေကြာပန်းကို ပွတ်သပ်ကိုင်တွယ်ပြီး တစ်ဖက်လှည့်လိုက်ရင်း “တကယ်လို့ ကျွန်မတို့သာ မစမ်းသပ်ခဲ့ရင် ကလေးအသက်ရှင်ဖို့ အခွင့်အရေးတောင် ရှိခဲ့မှာ မဟုတ်ဘူး” လို့ သူပြန်ဖြေတယ်။

ကျွန်မစိတ်တွေ ပိုလေးလံလာခဲ့တယ်။ အခန်းက အပ်ကျသံတောင် မကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက် သွားခဲ့တယ်။ အခန်းထဲကနေ လှည့်ထွက်ဖို့ ကျွန်မပြင်တော့သူက တိုးညှင်းတဲ့ အသံနဲ့…..

“ကျွန်မတစ်ခုလောက် တောင်းဆိုချင်ပါတယ်။ တကယ်လို့ မွေးဖွားချိန်မှာတစ်ခုခုဖြစ်ခဲ့ရင် ကျွန်မခင်ပွန်းက လူကြီးအသက်ကို လုပါလို့ ပြောလိမ့်မယ်။ဒါပေမယ့် ကျွန်မရောဂါ အခြေအနေကို နပ်စ်လည်း သိပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကလေးကို ပထမဆုံးနေရမှာ ထားပေးပါနော်”

ကျွန်မပါးပြင်ပေါ် မျက်ရည်တွေ အတားအဆီးမဲ့ စီးဆင်းလာခဲ့တယ်။ အော် ….. ဒါကပဲ မိခင်တဲ့လား ?

ရောက်လာမယ့် နေ့ရက်က ရှောင်လွဲလို့ မရအောင် အရောက်လာခဲ့ပါပြီ။ အဲဒီညက ကျွန်မနိုက်ဂျူတီ ဝင်ရတယ်။ ကုတင် (၁၉)အတွက် ခွဲစိပ်ဖို့ အားလုံး
ပြင်ဆင်ပြီးနေပြီ။ မိုးလင်းခါနီးမှာ ရုံးခန်းက အရေးပေါ် အချက်ပေးခေါင်းလောင်းသံတွေ နားကွဲမတတ် ဆူညံမြည်လာခဲ့တယ်။ ကျွန်မချက်ချင်းထရပ်ပြီး အချက်ပြနံပါတ်ကို ကြည့်လိုက်တယ်။

“ကုတင် (၁၉) ! ”

တာဝန်ကျဆရာဝန်တွေကို တစ်ဖက်ကခေါ်ရင်း ကုတင် (၁၉)ဆီ ကျွန်မ အပြေးပြေးလာခဲ့မိတယ်။

မှိန်ဖျော့နေတဲ့ မီးရောင်အောက်မှာ ကုတင်(၁၉)ရဲ့ မျက်နှာက ဖြူရော်လို့နေတယ်။ စောင်ကို ဆွဲခွာကြည့်လိုက်တော့ ရေမွှာကပေါက်နေခဲ့ပါပြီ။ ပိုဆိုးတာက ရေက အနီရောင်ဖြစ်နေတဲ့အတွက်သားအိမ်အတွင်းမှာ သွေးထွက်နေပြီဆိုတာကို သိလိုက်တယ်။

ကုတင်(၁၉)ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှုတွေ လွှမ်းနေတယ်။ သွေးထွက်ပြီ ဆိုကတည်းက ကလေးကို ရောဂါကူးစက်နိုင်နှုန်းက ဆတိုးသေချာနေပြီ။ တကယ်တော့ အချင်းက ရောဂါမကူးစက်အောင် ရင်သွေးကို ဖုံးအုပ်ထားနိုင်တယ်။ ဒါပေမယ့် မွေးဖွားချိန် ထွက်တဲ့သွေးနဲ့ ဓာတ်တစ်မျိုး (Secretions) ကြောင့် ကလေးကိုHIV ကူးစက်နိုင်ပါတယ်။

နာကျင်လွန်းလို့ သူ့နှာဖူးမှာ ချွေးသီးချွေးပေါက်တွေ တွဲခိုနေတယ်။ခံစားနေရတဲ့ ဝေဒနာကို အံကြိတ်ပြီး ခွဲစိပ်ဖို့ပြင်ဆင်မှုတစ်ချို့ကိုသူခံယူနေတယ်။ ညအချိန်မို့ ထမ်းစင်က ချက်ချင်း ရောက်မလာခဲ့ဘူး။ သူ စကားတစ်ခွန်းမှ မပြောဘဲ ကုတင်ပေါ်က ဆင်းလိုက်တယ်။ သူ့ကိုဖေးမရင်းသွေးတွေရောနေတဲ့ ရေတစ်ချို့ ဂါဝန်ထဲကနေတစ်ဆင့် ရောင်အမ်းနေတဲ့
သူ့ခြေထောက်ပေါ် စီးကျလာတာကို ကျွန်မတွေ့လိုက်တယ်။

သူ ဘာကိုမှ ဂရုမစိုက်ခဲ့ဘူး။ ခြေလှမ်းကို မြန်သထက် မြန်အောင်လှမ်းနေတယ်။သူ့ခြေလှမ်း တစ်စက္ကန့် မြန်ရင် ကလေးအသက်ရှင်မယ်၊ ရောဂါကူးစက်ရာကလွတ်မယ်လို့ သူမှန်းထားပုံရတယ်။

ခွဲစိပ်ကုတင်ပေါ် သူရောက်တဲ့အချိန် ရေမွှာ ရေက နောက်ကျိနေခဲ့ပါပြီ။ ဒါကရင်သွေးငယ် အောက်စီဂျင်ပြတ်နေပြီဆိုတဲ့ လက္ခဏာဖြစ်တယ်။ ထုံဆေးဆရာက သူ့ကိုထုံဆေးထိုးပေးပြီး ကျွန်မတို့ကသူ့ရဲ့သတိလည်နှုန်းကိုစတင်စမ်းသပ်ခဲ့ကြတယ်။

ခက်တာက အချိန် ၃ မိနစ်ကျော်လွန်သွားပေမယ့် သူနိုးကြားနေတုန်းပဲ။

“နာလိုက်တာ” လို့ သူ ရေရွတ်နေတယ်။

ထုံဆေးဆရာ ချွေးပြန်စပြုလာပါပြီ။ သူ့ထုံဆေး အစွမ်းမပြတဲ့ လူနာဆိုလို့ဒါပထမဆုံးအကြိမ် ကြုံတာပါပဲ။ ဒါပေမယ့် ကလေးအခြေအနေက ထုံဆေးထပ်ပေးလို့မသင့်တဲ့အခြေအနေကို ရောက်နေပါတယ်။

ကျွန်မရဲ့လက်ကို သူ့တင်းတင်းလေး ဆုပ်ကိုင်ထားတယ်။ တိုးလျှိုးတောင်းပန်တဲ့ မျက်လုံးနဲ့ ဆရာဝန်တွေကို ကြည့်နေတယ်။ ပါးစပ်ကလည်း ” ကျွန်မ ကလေးကို ကယ်ပါ…. ကျွန်မကို ဂရုမစိုက်ပါနဲ့… ကျွန်မ ကလေးကို ကယ်ပါ” လို့တိုးတိုးလေး တောင်းဆိုနေခဲ့တယ်။

အချိန် ၁ မိနစ် လွန်မြောက်သွားခဲ့ပါပြီ……

ကုတင်(၁၉)ရဲ့ ခြေလက်တွေကို ကုတင်နဲ့ ကပ်ချည်ထားလိုက်တယ်။ ထုံဆေးဆရာကလည်းဆေးထိုးအပ်ကို အသင့်ပြင်ထားပြီးပြီ။ ခွဲစိတ်မှူးဆရာဝန်ကလည်း အံကြိတ်လို့ ခွဲစိပ်ဖို့ရာ လက်တွန့်နေခဲ့တယ်။

ဒါ ကျွန်မနပ်စ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက် “သားဖွားမီးယပ်ပါရဂူ” အဖြစ်နာမည်ကြီးတဲ့ ဆရာဝန်ရဲ့ မျက်နှာပေါ်က မျှော်လင့်ချက်မဲ့အရိပ်ကို ပထမဦးဆုံး မြင်ဖူးခြင်းပါပဲ။

ခွဲစိပ်ဓားတွေက ထုံဆေးမစွမ်းတဲ့ ကုတင်(၁၉)ရဲ့ ဗိုက်ပေါ် ခွဲချလိုက်တယ်။ ဗိုက်အရေခွံ အဲဒီနောက် အဆီထပ်၊ ကြွက်သား၊ အချွဲ (Mucosa)၊ သားအိမ်….

ကုတင်(၁၉) ကျွန်မလက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ။ မပီမသစကားသံတစ်ချို့နဲ့ ရင်ကွဲလုမတတ် အော်မြည်သံတစ်ချို့ သူ့ပါးစပ်မှာကိုက်ထားတဲ့ ပုဝါကြားကနေ ပလုံးပထွေးထွက်လာခဲ့တယ်။

ခန္ဓာတစ်ခုလုံးက ကုတင်ပေါ်မှာ တစ်ဆတ်ဆတ် တုန်လို့….. အကြောတွေပါ လိမ်ဆွဲနေတယ်။ သူ့မျက်နှာဟာ နာကျင်လွန်းလို့ ပုံစံပြောင်းနေတယ်။ ကျွန်မ မကြည့်ရက်ဘဲ မျက်နှာလွဲလိုက်တယ်။ မျက်ရည်တွေ ပါးပြင်ပေါ် လှိမ့်ဆင်းလာခဲ့ပါတယ်။

ဒါဟာ ဘယ်လိုနာကျင်မှုမျိုးလဲ ! ဒါဟာ ဘယ်အရာနဲ့ နိုင်းပြလို့ရတဲ့ မိခင်မေတ္တာမျိုးလဲ !

နောက်ဆုံး ကလေးကို ဝမ်းထဲကနေ ဆွဲထုတ်ယူနိုင်ခဲ့တယ်။ ကလေးမျက်နှာက ပြာနှမ်းနေပါပြီ။ ချက်ကြိုးက လည်ပင်းကိုပတ်နေတာကြောင့်
အောက်စီဂျင်ပြတ်ပြီး ပြာနှမ်းခဲ့ပုံရတယ်။

တအောင့်ကြာတော့ ချွေးတွေ ရွှဲနစ်နေတဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံးပျော့ခွေကျသွားတယ်။ ဆရာဝန်က ကလေးငယ်ကို ခြေထောက်ကကိုင်ပြီး ကျောကို
တစ်ချက်နှစ်ချက် ပုတ်ပေးလိုက်တယ်။ ပါးစပ်ထဲဝင်နေတဲ့ အညစ်အကြေးတစ်ချို့အန်ထွက်လာပြီးနောက် ကလေးရဲ့ ပထမဆုံးငိုသံ ထွက်ပေါ်လာခဲ့တယ်။ငိုသံကတိုးညှင်းပေမယ့် ကြည်လင်နေတယ်။

သတိလက်လွတ် ဖြစ်ခါနီးဆဲဆဲ မိခင်က ကလေးငိုသံကို ကြားလိုက်မိလို့ ထင်ပါရဲ့ကလေးဖက်ကို အားယူပြီး မျက်လုံးတစ်ချက် ဖွင့်ကြည့်လိုက်တယ်။ အဲဒီနောက် မျက်ခွံတွေ လုံးဝပိတ်ကျသွားခဲ့တယ်။ သူ့ကိုယ်ပေါ် ပတ်ထားတဲ့ ခါးပတ်တွေကိုကျွန်မဖြုတ်ပေးလိုက်တယ်။ သူ့လက်ကောက်ဝတ်တွေ၊ ခြေကျင်းဝတ်တွေညိုမည်းပွန်းပဲ့ကုန်ပြီး သွေးတွေ ထွက်နေတာကို ကျွန်မတွေ့လိုက်တယ်။အဆုပ်ကိုင်ခံထားရတဲ့ ကျွန်မရဲ့ လက်လည်း အရိုးတွေ ကျိုးကြေမတတ် နာကျင်လို့နေတယ်။

ကုတင်(၁၉) အားယူပြီး ဖွင့်ကြည့်ခဲ့တဲ့ အကြည့်တစ်ချက်ကကိုယ့်ရင်သွေးငယ်ကို နောက်ဆုံးကြည့်ခြင်းမှန်း ကျွန်မလုံးဝတွေးမထားခဲ့မိဘူး။ အဲဒီ ဖော်ရွေမှု အပြုံးတွေပါတဲ့ သူ့မျက်လုံးဟာပိတ်ကျသွားပြီးနောက် လုံးဝ ပြန်ဖွင့်မလာခဲ့တော့ပါဘူး။

၃ရက်အကြာမှာ ခွဲစိပ်မှုကြောင့် သွေးမသန့်ဖြစ်တာရယ်၊ ပေးထားတဲ့ antibiotics အကျိုးမပြုတာရယ်ကြောင့် လူ့လောကကို သူရာသက်ပန် ခွဲသွားခဲ့တယ်။

ကံကောင်းတာက မွေးထွက်လာတဲ့ ကလေးလေးက HIV negative ဖြစ်နေတယ်။ ကျွန်မတို့ ဆေးပညာမှာ အောင်မြင်တဲ့ ကုသမှုတစ်ခုအဖြင့် အသိအမှတ်ပြုမိပါတယ်။အေအိုင်ဒီအက်စ် ရောဂါရ မိခင်တစ်ဦးကနေ ကျန်းမာတဲ့ ကလေးငယ်မွေးထုတ်နိုင်ခဲ့တဲ့အတွက် သတင်းစာအချို့နဲ့ သတင်းဌာနက လူတွေ လာရောက်မေးမြန်းကြမယ်လို့ ကျွန်မတို့ ကြားမိပါတယ်။

လူနာနေခဲ့တဲ့ အခန်းကို ကျွန်မဝင်ရှင်းတော့ ကုတင်(၁၉)ရဲ့ ခေါင်းအုံးအောက်မှာ ကလေးအတွက် ရေးခဲ့တဲ့ စာတွေကို ကျွန်မတွေ့လိုက်မိတယ်။
စာတွေအပြင်၊ ရုပ်ပုံတွေပါ ဆွဲထားသေးတယ်။ ပထမဆုံးပုံက နေလုံးကြီးပုံကိုဆွဲထားတယ်။ နေရောင်အောက်မှာ လက်ကလေးတစ်စုံ… အဲဒီအောက်မှာ ကလေးအတွက် စာတစ်ကြောင်း ရေးထားပါတယ်။

“သားရေ….. ဘဝဆိုတာ နေမင်းကြီးနဲ့တူတယ်။ ဒီနေ့ နေဝင်ခဲ့ရင် မနက်ဖြန် ပြန်တက်လာစမြဲပဲ။ ဒါပေမယ့် နေမင်းကြီးက နေ့တိုင်းတော့ မတူနိုင်ဘူး”

စာကြောင်းရဲ့ အောက်မှာ သပ်ရပ်လှပတဲ့ နာမည်လေးတစ်ခု ထိုးထားတယ်။ သူ့ကိုကုတင်(၁၉)လို့ပဲ ကျွန်မခေါ်ခဲ့မိတဲ့အတွက် ပထမဆုံးအကြိမ် ကျွန်မ
နောင်တရမိခဲ့တယ်။

ကလေးလေး ဆေးရုံဆင်းတော့ ကလေးအဖေကို ရေးထားတဲ့ စာတွေအားလုံး ကျွန်မအပ်လိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်တွေနဲ့ နီရဲနေခဲ့တယ်။ကလေးငယ်ကလည်း သူ့မိခင် မရှိတော့မှန်း သိတဲ့အလား တစ်ဝါးဝါးနဲ့ အော်ငိုနေခဲ့တယ်။

နေမင်းကြီးပုံ ဆွဲထားတဲ့ ပုံကို ကလေးရှေ့မှာ ကျွန်မဝှေ့ယမ်းပြလိုက်မိတယ်။ကလေးငယ်ဟာ ငိုရာက ချက်ချင်းတိတ်ပြီး လက်ကလေးကို ဆန့်လို့……
ကျွန်မလက်ထဲက စာရွက်ကို လှမ်းဆုတ်ကိုင်လိုက်တော့တယ်

Credit; ဝေမင်းတာ

#photocredit

ကျောက်ကြီးရောဂါအကြောင်း သိကောင်းစရာ

ကမ္ဘာ့ကပ်ရောဂါ တွေထဲမှာ
ကျောက်ရောဂါ(သို့မဟုတ်)ကျောက်ကြီး
ရောဂါနှင့် လက်ရှိဖြစ်နေတဲ့ (COVID-19)
ကပ်ရောဂါ၊ ဘယ်တခုက ပိုကြောက်စရာ
ကောင်းသလဲ?

အသည်းအသန်ကာကွယ်ဖို့
ဘာကြောင့် ကြိုးစားကြသလဲ ဆိုတာ
အခြေနေချင်း နှိုင်းယှဉ် ကြည့်နိုင်စေရန်နှင့်
လောကနီတိသုတစာပေ မိတ်ဆွေများ
‘ဗဟုသုတ’ရရှိစေရန်မျှဝေပေးချင်ပါတယ်။

ကျောက်ကြီးရောဂါ

ကျောက်ကြီးရောဂါ (အင်္ဂလိပ်: Smallpox) သည် ကူးစက်တတ်သော ရောဂါဖြစ်သည်။ ကျောက်ကြီးကို ကျကျောက်ဟူ၍လည်း ခေါ်ဆိုတတ်ကြသည်။ ကလေး လူကြီးမရွေး ကျောက်ကြီးရောဂါ ဖြစ်တတ်သည်။ ထိုရောဂါသည် လူကို သေစေနိုင်သည်။ မသေသော်လည်း ကျိုးကန်းစေနိုင်သည်။ ရုပ်ပျက်ဆင်းပျက်လည်း ဖြစ်စေတတ်သည်။ ကျောက်ကြီးရောဂါ ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်တွင်းသို့ ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်သောကြောင့် ဖြစ်သည်။ ရောဂါဖြစ်နေသူ၏ ထွက်သက်လေတွင်၎င်း၊ ကျောက်ဖုများ ကျောက်ဖေးများတွင်၎င်း ရောဂါမျိုးစေ့ပိုးများစွာ ပါရှိ၏။ ကျောက်ဖေးကွာချိန်၌ ကျောက်ဖေးမှုန်များသည် လေနှင့် လွင့်စင်ပြီးလျှင် ရောက်လေရာ၌ လူများကို ရောဂါကူးစက် စေနိုင်သည်။

သမိုင်းကြောင်း

ကျောက်ရောဂါသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လူသားတို့ကို ဒုက္ခပေးခဲ့သည့် ရောဂါဆိုးကြီးပင် ဖြစ်သည်။ အေဒီ ၉၀၀-ပြည့်နှစ်တွင် ပါရှင်ဆေးဆရာတစ်ဦးသည် ကျောက်ရောဂါနှင့် ဝက်သက်ရောဂါကို ရှေးဦးစွာ ခွဲခြားသိရှိခဲ့ပါသည်။ သို့သော် ထိုခေတ်မတိုင်မီ နှစ်ပေါင်းများစွာကတည်းကပင် ကျောက်ရောဂါကြောင့် လူအများအပြား သေကြေပျက်စီးခဲ့ရကြောင်း မှတ်တမ်းများတွင် တွေ့ရပါသည်။ အာရှတိုက်နှင့် အာဖရိကတိုက်တို့တွင် ကျောက်ရောဂါကပ်များ အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ရဖူးပါသည်။

၁၇၂၂-ခုနှစ်တွင် အင်္ဂလိပ် စာရေးဆရာကြီး ဒင်နီယယ်ဒီဖိုး (Daniel Defoe) သည် ရောဂန္တရနှစ် မှတ်တမ်း-အမည်ဖြင့် စာအုပ်တအုပ် ရေးသားခဲ့ဖူးပါသည်။ ထိုစာအုပ်ထဲတွင် ထိုခေတ်က မြို့ရွာများတွင် လူအမြောက်အမြား သေကျေပျက်စီးရသည့် ကျောက်ရောဂါကပ်ဆိုးကြီး ကျရောက်ပုံကို ရေးသားထားပါသည်။ မိန်းမများ၊ ကလေးများ၏ ငိုကြွေးသံများ၊ ဝေဒနာသည်တို့၏ ညည်းတွားအော်ဟစ်သံများဖြင့် တစ်မြို့လုံး ဆူညံနေပုံ၊ ဖမ်းဆီးပိတ်လှောင်ထားသည့် ရောဂါသည်စခန်းများမှ ဖောက်ထွက်ကာ မြို့ထဲ၊ ရွာထဲတွင် သွေးရူးသွေးတန်း ပြေးလွှားနေသူများ၊ မည်သူမျှ သယ်ယူခြင်းမပြုသဖြင့် လမ်းကြိုလမ်းကြားတွင် အပုပ်နံ့တထောင်းထောင်းထွက်ကာ ပုပ်ပွနေသော အလောင်းများစသည့် အနိဋ္ဌာရုံမြင်ကွင်းများကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ရေးသားထားခဲ့ပါသည်။

၁၆၁၄-ခုနှစ်တွင် ဥရောပတိုက်၌ ကျောက်ရောဂါ အကြီးအကျယ်ဖြစ်ပွားခြင်းကြောင့် ဥရောပတိုက် လူဦးရေမှာ များစွာလျော့ပါးသွားခဲ့ပါသည်။ အင်္ဂလန်နိုင်ငံတွင်လည်း ၁၆၆၆-မှ ၁၆၇၅-အထိ နှစ်ရှည်လများ ကျောက်ရောဂါကပ်ဆိုးကြီး ကျရောက်ခဲ့ဖူးပါသည်။ ရက်အင်ဒီယန်းလူမျိုးများသည် မြောက်အမေရိက တိုက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသော်လည်း ကျောက်ရောဂါနှိပ်စက်မှုကြောင့် လူဦးရေမတိုးသဖြင့် ဥရောပတိုက်သား လူဖြူများ၏ လက်အောက်သို့ ကျရောက်ရသည်ဟု အဆိုရှိပါသည်။

ရောဂါလက္ခဏာများ

ကျောက်ကြီးရောဂါ ဖြစ်စေသော ဗိုင်းရပ်ပိုးများသည် အလွန် သေးငယ်သော်လည်း အသက်ပြင်းသောကြောင့်၊ ကျောက်ပေါက်သူ၏ အထည်အဝတ်များ အသုံးအဆောင် ပစ္စည်းများ စသည်တို့တွင် လပေါင်းများစွာ အသက်ရှင်၍ နေနိုင်ကြသည်။ ရောဂါမျိုးစေ့ ဝင်ပြီးနောက် ၇ ရက်မှ ၁၅ ရက်အတွင်း လူနာသည် စ၍ ဖျား၏။ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခါးကိုက်ခြင်း၊ အသားအရေ တောင့်တင်းခြင်း အစရှိသည့် လက္ခဏာများ ပေါ်လာ၏။ ကျောက်လုံးများထွက်ခါနီးတွင် အသားထဲ၌ ခဲလုံးကလေးများ ဝင်နေသကဲ့သို့ နာကျင်တတ်၏။

၃ ရက်ဆက် ဖျားပြီးသောအခါ ကျောက်ဖုကလေး များသည် လက်ဖျား၊ ခြေဖျား၊ မျက်နှာတို့တွင် ပထမ ပေါ်လာ ၏။ ထို့နောက် အခြားနေရာများ၌ ပေါ်လာ၏။ အဖုများမှာ ဝိုင်း၍ နီပြီး မာနေ၏။ ကျောက်ဖုများ သည် ၄ ရက်ခန့်ကြာ သောအခါ ရေကြည်တည်၍ ဖောင်းကြွလာ၏။ ထိုနောက် အဖုများမှာ ထိပ်ပြား၍ အလယ်၌ မဲနက်လာ၏။ ကျောက်လုံး အတွင်းရှိ ရေကြည်သည် နောက် ၇ ရက် ၈ ရက်ကြာသော အခါ ပြည် ဖြစ်လာ၏။ ထို့နောက် ၁ ရက် ၂ ရက်မျှ ကြာ သောအခါ ကျောက်လုံးများ ညှိုး၍ခြောက်လာ၏။ ထို့နောက် အဖေးဖြစ်ပြီးလျှင် ရက်ပေါင်း ၂ဝ ခန့်အကြာတွင် ကွာကျ၏။ ကျောက်ဖေးကွာကျသောနေရာများတွင် ကျောက်ပေါက်မာများ ကျန်ခဲ့သည်။ ကျောက်လုံးများ ထွက်ပေါ်သည်မှစ၍ ကျောက်ဖေးများ ကွာကျသည်အထိ အများအားဖြင့် တစ်လခန့် ကြာ၏။

ကျောက်ကြီးတစ်ခါပေါက်ပြီးလျှင် များသောအားဖြင့် တစ်သက်တာတွင် နောက်ထပ်ကျောက်ပေါက်ခဲ၏။ သို့သော် ကျောက်ပေါက်မာရှိသောလူ၌ နောက်ထပ်ကျောက်ပေါက်သည် လည်း ရှိတတ်သည်။ လူတစ်ဦး တည်း၌ ၃ ကြိမ် ကျောက် ပေါက်သည်ကို တွေ့ရှိဘူးကြောင်း စာဆိုလည်း ရှိပေသည်။ ကျောက်လုံးများ မထွက်မီ စဖျားသည့်အချိန်မှ အနာဖေး ကွာကျ၍ အသားချောမွတ်သွားသည့်အချိန်ထိ ကျောက်ရောဂါ သည် အခြားလူများသို့ ကူးစက်နိုင်သည်။ ထို့ကြောင့် ကျောက်ပေါက်သည့်လူနာကို သီးသန့်ခွဲခြား၍ ထားရန်မှာ အရေးကြီးပေသည်။ ဥပဒေကလည်း လူနာကို သီးသန့် ခွဲခြားထားရန် ပညတ်ထား၏။

ကျောက်ကြီးရောဂါအတွက် မုချပျောက်ကင်းစေသော ဆေးဟူ၍ မရှိသေးပေ။ လူနာကို ကြည့်ရှုပြုစုခြင်းသည် အရေး အကြီးဆုံး ဖြစ်ပေသည်။ လူနာကို ကျောက်ပေါက်ဘူးသူ သို့မဟုတ် မကြာသေးမီက ကျောက် ဆေးထိုးထားသူသာလျှင် ပြုစုသင့်သည်။ လူနာလုံးဝ ပျောက်ကင်းသောအခါ ဖြစ်စေ၊ သေဆုံးလျှင်ဖြစ်စေ၊ လူနာ၏ အဝတ်အစားများကို မီးရှို့ ပစ်သင့်၏။ အဖိုးတန်ပစ္စည်းများကိုမူ ရေနှင့်ပြုတ်ခြင်း၊ နေပူလှန်းခြင်း၊ ပိုးသေဆေးဖျန်းပက်ခြင်းများ ပြုလုပ်ရမည်။ ကျောက်ဆေးထိုးခြင်းသည် ကျောက်ကြီးရောဂါ မဖြစ် အောင် ကာကွယ်ခြင်းဖြစ်သည်။ ရှေးအခါက မြန်မာနိုင်ငံတွင် မြန်မာနည်းဖြင့် ကျောက်ထိုးပေးခဲ့ကြသည်။ ထိုနည်းမှာ ကျောက်ပေါက်သူ၏အနာမှ ပြည်ကို ဖြစ်စေ၊ ကျောက်ဖေးများကို အမှုန့်ကြိတ်၍ဖြစ်စေ၊ ကျောက်မပေါက်သေးသော ကလေးများကို ထိုးပေးခြင်း ဖြစ်၏။ ကံကောင်းလျှင် ကျောက်လုံးအနည်းငယ်သာ ထွက်၍ ရောဂါပျောက်ကင်း သွား၏။ ထိုးသွင်းသော ကျောက်ရည်ကို ချင့်ချိန်တိုင်းတာခြင်း မပြုနိုင်သဖြင့် မကြာခဏ ကျောက်လုံးအထွက်များ၍ သေဆုံး ကြရသည်။ ယခုအခါ မြန်မာနည်းထက်ပို၍ စိတ်ချရသော နည်းဖြင့် ကျောက်ထိုးပေးနေပြီဖြစ်ရာ ဤနည်းကို ကုလား ကျောက် သို့မဟုတ် နွားကလေးတို့မှ ရရှိကြသည်။

ကျောက်ရောဂါနှင့် ကမ္ဘာ

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ လက်အောက်ခံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကျောက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို၁၉၆၇- ခုနှစ်မှစ၍ ကမ္ဘာတစ်ဝန်းလုံးတွင် စတင်ဆောင်ရွက်ခဲ့သည်။ ယင်းအဖွဲ့ကြီးသည် ကျောက်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာ တိုးတက် ကောင်းမွန်သော နည်းစနစ်များကို တီထွင်ခြင်း၊ ကျောက်ဆေးထိုးရာတွင် နည်းသစ်များသုံးခြင်း၊ ရောဂါဖြစ်ပွားလျှင် ဆိုင်ရာသို့ လိုအပ်သလို သတင်းပို့နည်းများကို တီထွင်ခြင်း စသည်ဖြင့် အထူးအစီအစဉ်များ ချမှတ်ပြီး ကျောက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းကို မနားမနေ ကြိုးပမ်း ပြုလုပ်ခဲ့သည်။

ယခင်ကအသုံးပြုခဲ့သော ကျောက်ဆေးရည်သည် စံချိန်မမှီသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် တီထွင်စမ်းသပ်၍ အအေး ဓာတ်ဖြင့် ပြုပြင်ထားသော စံချိန်မှီ ကျောက်ဆေးရည်ကို ထုတ်လုပ်ခဲ့သည်။ ယင်းစံချိန်မှီ ကျောက်ဆေးရည်သည် အပူပိုင်း နိုင်ငံများ၌ပင် အအေးခန်း၌ မထားဘဲ အာနိသင်မပျက် သုံးစွဲနိုင်ခဲ့လေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်းများ အရှိန်ရလာသောအခါ ဂင်းနီနှင့် ကင်ညာနိုင်ငံများ အပါအဝင် ကျောက်ရောဂါ အချိန်မှန် ဖြစ်ပွားတက်သော နိုင်ငံများသည် အဆင့်မြင့် ကျောက်ဆေးရည်များကို ပြည်တွင်းသုံးအတွက် လုံလောက် အောင် မိမိတို့ ဖာသာ မိမိတို့ ထုတ်လုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ သို့သော် သန်းပေါင်းများစွာသော ကမ္ဘာ့ ပြည်သူ တစ်ရပ်လုံးအတွက် ကျောက်ဆေးရည် အများအပြား လိုအပ်သည်ဖြစ်ရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့သည် အဖွဲ့ဝင် နိုင်ငံများထံမှ ကျောက်ဆေးရည် အလှူခံခဲ့ရသည်။ အဖွဲ့ဝင်နိုင်ငံ ၂ဝ ကျော်တို့က ကျောက်ဆေးရည် လှူဒါန်းခဲ့ကြသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့သည် ကျောက်ရောဂါ တိုက်ဖျက်ရေးစီမံကိန်း ရှေးဦးအဆင့်၏ ရောဂါဖြစ်ပွားလေ့ရှိသည့် နိုင်ငံများတွင် လူဦးရေ ၈ဝ% ကို ကာကွယ်ဆေး ထိုးပေးရန် ရည်မှန်းခဲ့၏။ ဤမျှ များပြားသော လူထုကို ဆေးထိုးပေးနိုင်ရန်မှာ ရှိရင်း ဆေးထိုးနည်း စနစ်များနှင့် မလုံလောက်သဖြင့် သာမန်ကျောက်ထိုးအပ်ထက် ခေတ်မီသော လေဖိအားဖြင့် ဆေးထိုးသည့် ဂျက်ကျောက်ထိုးကိရိယာများကို တီထွင်၍ အာဖရိကတိုက် ၂၁ နိုင်ငံတွင် စမ်းသပ် သုံးစွဲခဲ့၏။

သို့သော် ဤကိရိယာမှာ ဈေးကြီးသည့်ပြင် မကြာခဏ ပြင်ဆင်ရသဖြင့် နောက်ဆုံးတွင် အမေရိကန်ပြည်ထောင်စု ဝိုင်းယက် ဆေးဝါးပစ္စည်း ကုမ္ပဏီက ထုတ်လုပ်ပေးသော ရိုးရိုးအသွား နှစ်ခုရှိ ကျောက်ထိုးအပ်ကို အသုံးပြုရသည်၊ ယင်းအပ်သည် တစ်ကြိမ်တို့လျှင် ဆေးရည် တစ်စက်မျှသာ ပါသဖြင့် ဆေးရည် အကုန်သက်သာသည့်ပြင် အပ်ဖြင့် တစ်ချက်နှစ်ချက် အသားပေါ် ခြစ်လိုက်ရုံဖြင့် ကျောက်ဆေးအောင်ကြောင်း တွေ့ရသည်။ ယင်းအပ်ဖြင့် တစ်နေ့လျှင် လူ ၁၀၀၀ အထိ ဆေးထိုးပေးနိုင်သည်။ ထို့ပြင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့သည် မည်သည့်ဒေသတွင် ကျောက်ရောဂါ ဖြစ်ပွားကြောင်း ချက်ချင်း သတင်းရနိုင်သည့် ထောက်လှမ်းရေး စနစ်ကို ပါတီထွင်အသုံးပြုခဲ့သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သည် ကျောက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းကို အထက်ပါအတိုင်း ကြိုးပမ်း ဆောင်ရွက်ရာ အာဖရိကတိုက် အနောက်နှင့် အလယ်ပိုင်း ဒေသများ၏ ၁၉၇ဝ ပြည့်နှစ်တွင်၎င်း၊ ဘရာဇီးနိုင်ငံ၏ ၁၉၇၁ ခုနှစ်တွင်၎င်း၊ အင်ဒို နီးရှားနိုင်ငံ၏ ၁၉၇၂ ခုနှစ်တွင်၎င်း၊ အာရှတောင်ပိုင်း နိုင်ငံများ ၁၉၇၅-ခုနှစ်တွင်၎င်း ကျောက်ရောဂါ လုံးဝ ဆိတ်သုဉ်း ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၇၅ ခုနှစ်မှစ၍ ကျောက်ရောဂါ လုံးဝ ဆိတ်သုဉ်းခဲ့ပြီ ဖြစ်သည်။

၁၉၇၆ ခုနှစ်သို့ ရောက်သောအခါ ကမ္ဘာပေါ်၏ အီသီအိုပီးယားနိုင်ငံ တစ်နိုင်ငံတည်းသာလျှင် ကျောက်ရောဂါ ရှိသေးကြောင်း သတင်းပို့ခဲ့သည်။

ကမ္ဘာပေါ်တွင် ကျောက်ရောဂါ အမြစ်မပြတ်ဘဲ ကျန်ရှိနေသော နောက်ဆုံးနိုင်ငံမှာ အီသီအိုးပီးယားနိုင်ငံဖြစ်ရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့သည် အီသီအိုးပီးယား နိုင်ငံတွင် ၁၉၇၁−ခုနှစ်မှစ၍ ကျောက်ရောဂါ ပပျောက်ရေး လုပ်ငန်းကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။ အီသီအိုးပီးယားနိုင်ငံတွင် ကျောက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်း ချမှတ်ပြီး ကျောက်ရောဂါဝေဒနာ ခံစားနေရသူ လူနာဦးရေကို စာရင်းကောက်ယူရာ လူနာပေါင်း ၂၅,ဝဝဝ ကျော်ရှိကြောင်း တွေ့ရသည်။ ကျောက်ရောဂါ တိုက်ဖျက်ရေး ဝန်ထမ်းများသည် လူနာရှိရာ ဒေသများသို့ ချက်ချင်း သွားရောက်ပြီးလျှင် အခြားလူနာများ ရှိမရှိ စစ်ဆေးခြင်း၊ အရပ်ထဲရှိ လူအများကို ကျောက်ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းများ ပြုလုပ်သည်။

ကာကွယ်ဆေး ထိုးရာ၌ တစ်နယ်လုံးအနှံ့ လိုက်ကာ လူပေါင်းမြောက်မြားစွာကို ထိုးပေးခြင်း မဟုတ်ချေ၊ ရောဂါ ပေါ်ပေါက် ရာအရပ် ပတ်ဝန်းကျင်ကို ဧရိယာကန့်သတ်၍ ဧရိယာအတွင်းရှိ လူများကိုသာ ဆေးထိုးပေးခြင်း ဖြစ်သည်။ ကျောက်ရောဂါ၏ သဘာဝသည် ကူးစက်နှုန်း နှေးကွေးပြီး ဒေသတစ်ခုတွင်သာ ကွက်၍ ရောဂါကျရောက်ခြင်း ဖြစ်သဖြင့် ထိုသို့ ဧရိယာ ကန့်သတ်၍ ဆေးထိုးခြင်းဖြစ်သည်။

၁၉၇၇- ခုနှစ်သို့ရောက်သော် အီသီအိုးပီးယား နိုင်ငံတွင်၎င်း၊ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများတွင်၎င်း၊ ကျောက်ရောဂါ လုံးဝ ဆိတ်သုဉ်း ပပျောက်သွားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ လူ့သမိုင်းတစ်လျှောက်၌ ကပ်ရောဂါသည် ပထမဆုံးအကြိမ် ဆိတ်သုဉ်းခြင်းဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် နောက်ထပ် ခြောက်လခန့် ဆက်၍ ကမ္ဘာအရပ်ရပ်၏ ကျောက်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြဦးမည် ဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သည် အထက်ပါအတိုင်း ကြိုးပမ်း ဆောင်ရွက်ခဲ့ သောကြောင့် ကျောက်ရောဂါ အမြစ်မပြတ်သည့် ကမ္ဘာ့ နောက်ဆုံးနိုင်ငံ ဖြစ်သော အီသီအိုးပီးယား နိုင်ငံတွင် ၁၉၇၇-ခုနှစ်မှစ၍ ကျောက်ရောဂါ ဆိတ်သုဉ်းခဲ့သည်။

ကျောက်ရောဂါနှင့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံတွင်လည်း ဂျပန်ခေတ်အတွင်းက ကျောက်ရောဂါကပ်ဆိုးကြီးကို တနိုင်ငံလုံးအနှံ့ ခံခဲ့ရပါသည်။ ထိုအခါ အုပ်စိုးသူ ဂျပန်တို့သည် ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သော်လည်း ထိုရောဂါဆိုးကြီးကို ထိထိရောက်ရောက် နှိမ်နှင်းနိုင်ခြင်း မရှိခဲ့ပါ။ သို့အတွက် ယနေ့တိုင် ဂျပန်ခေတ်ကို မီလိုက်သော လူကြီးအချို့၏မျက်နှာပေါ်တွင် ကျောက်ပေါက်မာများကို တွေ့မြင်နိုင်ပါသေးသည်။

ယခုအခါတွင်မူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့နိုင်ငံတိုင်းကို ကျောက်ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးသဖြင့် ကျောက်ရောဂါဆိုးကြီးသည် ဤကမ္ဘာမြေပေါ်တွင် အပြီးတိုင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၆၉-ခုနှစ်၌ နောက်ဆုံးလူနာကို တွေ့ရပြီး မြန်မာ့မြေပေါ်တွင် ကျောက်ရောဂါဆိုးကြီးကို ယခုတိုင် မတွေ့မမြင်ရတော့ပါ။ မြန်မာနိုင်ငံသည် ၁၉၆၉-ခုနှစ်ကတည်းက ကျောက်ရောဂါ ကင်းစင်သောနိုင်ငံအဖြစ် ကမ္ဘာကို ကြေညာနိုင်ခဲ့ပြီဖြစ်ပါသည်။ ၁၉၆၉-ခု နောက်ပိုင်း မွေးဖွားလာသူများသည် ကျောက်ရောဂါကို ကြားသာကြားဖူးပြီး မမြင်ဖူးကြတော့ပါ။

ဤသို့ အောင်မြင်မှုများ ရရှိစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် ၁၉၅၈-ခုနှစ်တွင် ကျင်းပသော ၁၁-ကြိမ်မြောက် ညီလာခံတွင် နိုင်ငံတွင်းရှိ နိုင်ငံသားတိုင်းအား အစုလိုက်အပြုံလိုက် ကျောက်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ ထိုညီလာခံ၏ အကျိုးဆက်အနေဖြင့် နိုင်ငံတိုင်းသည် ကျောက်ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းကို ညီညီညွတ်ညွတ် ဆောင်ရွက်ခဲ့ရာ တနိုင်ငံပြီး တနိုင်ငံ ကျောက်ရောဂါဘေးမှ ကင်းဝေးခဲ့ကြပါသည်။

အာရှတိုက်တွင် ကျောက်ရောဂါနောက်ဆုံးဖြစ်ပွားသောနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပါသည်။ ၁၉၇၇- ဒီဇင်္ဘာ ၁၄-ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နောက်ဆုံးကျောက်ပေါက်သူကို တွေ့ရှိခဲ့ပြီးနောက် ထပ်မံမတွေ့ရတော့ပါ။ ကမ္ဘာပေါ်တွင် နောက်ဆုံးကျောက်ရောဂါဖြစ်ပွားသူမှာ ဆိုမာလီနိုင်ငံ မာကာမြို့မှ အလီမာလင် (Ali Maalin)ဆိုသူဖြစ်ပါသည်။ ၎င်းသည် ၁၉၇၇-တွင် ကျောက်ရောဂါ နောက်ဆုံးဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၇၇-မှ ၁၉၈၀-ပြည့်နှစ်တွင်ကျင်းပသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၃၃-ကြိမ်မြောက် ညီလာခံကြီးက ကမ္ဘာပေါ်တွင် ကျောက်ရောဂါကင်းစင်ပြီဖြစ်ကြောင်း ကြေညာနိုင် ခဲ့ပါသည်။

ကာကွယ်နိုင်ခဲ့ခြင်းမှာ ကျောက်ရောဂါကာကွယ်ဆေးကြောင့်ပင် ဖြစ်ပါသည်။ ကျောက်ရောဂါကာကွယ် ဆေးကို ဦးစွာ အသုံးပြုသူတို့မှာ တရုတ်လူမျိုးများ ဖြစ်ပါသည်။ တရုတ်တို့သည် ရောဂါရှိသူထံမှ ပြည်ကိုယူပြီး လူကောင်း၏လက်မောင်းကို အစင်းထင်အောင် တခုခုဖြင့် ခြစ်လိုက်သည်။ ထိုခြစ်ထားသော အနာထဲသို့ ပြည်ကိုသုတ်ပေးလျှင် ရောဂါကာကွယ်သည်ဟု ယူဆခဲ့ကြပါသည်။ တရုတ်တို့၏နည်းမှာ ရောဂါကာကွယ်သည်ထက် ကူးစက်ခံရကာ သေဆုံးဖို့ အခွင့်အရေးပိုများပါသည်။

သိပ္ပံနည်းကျ ကျောက်ရောဂါကာကွယ်ဆေးကို စတင်ဖော်ထုတ်ပေးခဲ့သူမှာ အင်္ဂလိပ်လူမျိုး ဆရာဝန်တဦး ဖြစ်သူ အက်ဒဝပ် ဂျင်းနာ (Edward Jenner) (၁၇၄၉-၁၈၂၃) ဖြစ်ပါသည်။ ဂျင်းနားသည် ဇာတိမြို့ဖြစ်သော ဘာကလေမြို့တွင် ဆေးခန်းဖွင့်ကုသနေခဲ့ပါသည်။ ထိုစဉ် သူဆေးခန်းသို့ နွားကျောက် (Cowpox) ပေါက်သူများ မကြာခဏ ရောက်လာတတ်ပါသည်။ နွားကျောက်ဆိုသည်မှာ နွားမကို နို့ညှစ်စဉ် ညှစ်ပေးသူ၏လက်မှတဆင့် ကူးစက်ခံရသော အနာကလေးများ ဖြစ်ပါသည်။ ထိုအနာကလေးများမှာ ကျောက်ရောဂါလောက် မပြင်းထန်ဘဲ မကြာမီ နဂိုအတိုင်း ပြန်ကောင်းသွားတတ်ပါသည်။

ဂျင်းနားသည် နွားကျောက်ပေါက်ခံရသော နွားနို့သမများအား ဆေးကုရင်း နွားကျောက်ပေါက်ဖူးလျှင် ကျောက်ကြီးမပေါက်နိုင်ဟု ကြားသိရလေသည်။ အစပထမတွင် ဂျင်းနားသည် ထိုအဆိုကို လက်မခံချေ။ သို့သော် နောင်တွင် ရပ်ရွာ၌ ကျောက်ရောဂါကပ်ကြောင့် လူအများ အကြီးအကျယ်ကျောက်ရောဂါ ဖြစ်နေချိန်တွင် အဆိုပါနွားနို့သမလေးများမှာ ရောဂါအကူးမခံရကြောင်း တွေ့ရှိလာရလေသည်။

အချို့ နွားနို့သမလေးများမှာ အကူးခံရကြောင်း တွေ့ရှိရပြန်ပါသည်။ ထိုအခါ ဂျင်းနား၏စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားလေသည်။ ဂျင်းနားသည် သူ့သံယသကို သေချာအောင် ထပ်မံစစ်ဆေးသောအခါတွင် နွားကျောက်ရောဂါမှာ နှစ်မျိုးရှိကြောင်း၊ ၎င်းအနက် တမျိုးကသာ ကျောက်ကြီးရောဂါကို ကာကွယ်ကြောင်း သိရှိလာလေသည်။

၁၇၆၉-တွင် ဂျင်းနားသည် နွားကျောက်ပေါက်နေသော နွားနို့သမလေး၏အနာမှ ပြည်ကိုယူကာ အသက် ၈-နှစ်အရွယ် ကလေးငယ်တဦးကို ပထမဆုံးအကြိမ် ကျောက်ဆေးစမ်းထိုးလိုက်လေသည်။ ၂-လအကြာတွင် ၎င်းကလေးအား ကျောက်ကြီးပေါက်နေသောလူနာထံမှ ပြည်ကိုယူပြီး ထိုးပေးလိုက်ပြန် လေသည်။ ဂျင်းနားနှင့် ကလေးမိခင်တို့မှာ နှစ်ပတ်ခန့် တထိတ်ထိတ် စောင့်ကြည့်နေခဲ့ကြလေသည်။ သို့သော် ထိုကလေးမှာ နှစ်ပတ်ကျော်သည်အထိ ကျောက်ရောဂါ ဖြစ်မလာ တော့ပါ။ ဂျင်းနား အောင်မြင်ခဲ့လေပြီ။ ဂျင်းနားသည် ဤနည်းဖြင့် နောက်ထပ်လူပေါင်း ၂၃-ယောက်ကို စမ်းသပ်ရာ အောင်မြင်ခဲ့ပြန်လေသည်။

၁၇၉၈-တွင် ဂျင်းနားသည် ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး သူတွေ့ထားသော အချက်များကို စာတမ်းတစောင် ရေးသားခဲ့လေသည်။ ထိုစာတမ်းသည် ဆေးပညာရှင်များကိုသာ မက သာမန် အရပ်သားများကြားတွင်ပင် တမုဟုတ်ချင်း ကျော်ကြားသွားလေသည်။ လူအများအပြားကပင် ဂျင်းနားကို ချီးကျူးခဲ့ကြလေသည်။ အချို့ကမူ လူအနည်းငယ် စမ်းကြည့်ရုံဖြင့် ကာကွယ်ဆေးဖြစ်ပြီဟု မဆိုနိုင်ဆိုပြီး ဂျင်းနားအားကန့်ကွက်ခဲ့ကြလေသည်။

သို့သော် ဂျင်းနားသည် စိတ်ရှည်လက်ရှည်ဖြင့် ကျေးရွာအနှံ့၊ မြို့အနှံ့၊ နိုင်ငံအနှံ့ လိုက်လံရှင်းလင်းသင်ပြပေးရာ နောက်ဆုံးတွင် သူ့ကို ဆန့်ကျင်သူတို့ပင် သူ့နည်းကို လက်ခံလာကြလေသည်။ ဂျင်းနား၏နည်းကို အခြား ဥရောပနိုင်ငံများသာမက တရုတ်၊ အိန္ဒိယ၊ တောင်အမေရိက စသည့်နိုင်ငံများကပါ အလျင်အမြန်ရယူခဲ့ကြသဖြင့် ကျောက်ရောဂါကပ်ကြီးများမှာ ကမ္ဘာပေါ်တွင် တဖြည်းဖြည်း ပျောက်ကွယ် လာခဲ့လေသည်။

၁၈၀၃-ခုနှစ်တွင် ဂျင်းနားသည် အင်္ဂလန်ပြည်၌ တော်ဝင်ဂျင်းနားအသင်းကို ထူထောင်၍ တကမ္ဘာလုံး ကျောက်ဆေးထိုးနှံရေးကို စည်းရုံးဆောင်ရွက်ခဲ့ပါသည်။ ဂျင်းနား၏ အားထုတ်ကြိုးပမ်းမှုကြောင့် ယခုအခါ ကမ္ဘာပေါ်တွင် ကျောက်ရောဂါကပ်ဘေးကြီး ကင်းဝေးခဲ့ပြီဖြစ်ပေသည်။ ကျောက်ရောဂါကာကွယ်ဆေးကို တီထွင်ဖော်ထုတ်ခဲ့သူ ဂျင်းနားမှာ ၁၈၂၃-ဇန်နဝါရီလ ၂၆-ရက်နေ့တွင် သူ့ဇာတိ ဘာကလေးမြို့တွင်ပင် ကွယ်လွန်ခဲ့ပါသည်။ ယခုအခါ ကျောက်ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးမှာ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ရှိ လုံခြုံသောဓာတ်ခွဲခန်းတွင် သိပ္ပံသုတေသနအလို့ငှါ သိမ်းဆည်းမွေးမြူထားပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။

မြန်မာနိုင်ငံတော်အစိုးရသည် ကျန်းမာရေးစီမံကိန်းများ ပြုလုပ်ကာ ကျောက်ကြီးရောဂါ ကာကွယ်ရန်အတွက် ကျောက်ထိုးဆရာသင်တန်းများ ဖွင့်လှစ်၍၎င်း၊ ကျောက်ထိုးဌာနများ အပျံ့အနှံ့ထားရှိ၍၎င်း၊ ရောဂါ ကာကွယ်ရန် အသိဉာဏ်ပေးသည့် စာတမ်းများ ရုပ်ရှင်များ ဝေငှ ပြသ၍၎င်း ဆောင်ရွက်လျက်ရှိပေသည်။

ကိုးကား

  1. စွယ်စုံကျမ်းနှစ်ချုပ် (၁၉၇၈)

  2. သန်းမင်းထွဋ် (မင်္ဂလာမောင်မယ် ၂၀၁၀-ခု ဇူလိုင်လ)

တစစ်တမက် ကိုယ်နှင့်သက်ကို

( အစမှ အဆုံးထိ )

အပိုင်း ၁။၂။၃။၄ အမှတ်စဉ်မမှန်ပါက ပြင်ဆင်ကြည့်ရှုကြပါရန်။

အပိုင်း ( ၁)

( အပိုင်း – ၂)

( အပိုင်း – ၃)

( အပိုင်း – ၄)

တစစ်တမက် ကိုယ်နှင့်သက်ကို ( အပိုင်း – ၅)

( အပိုင်း – ၆)

အပိုင်း (၇)

အပိုင်း(၈)

အပိုင်း(၉)

အပိုင်း(၁၀)

အပိုင်း(၁၁)

အပိုင်း(၁၂)

တစစ်တမက် ကိုယ်နှင့်သက်ကို

(ဇာတ်သိမ်းပိုင်း)

ကျေးဇူးတင်ပါသည်။

လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံမှုအမျိုးမျိုးရှိကြတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံကြ တဲ့နေရာမှာ အမျိုးအစား အမျိုးမျိုးရှိကြတယ်။


တစ်ချို့က မေတ္တာစိတ်သက်သက်နဲ့ ဆက်ဆံကြတာ။ အရောင်မပါဘူး။

ကိုယ့်ကို ကိုယ်ဖြစ်နေလို့ကို မေတ္တာသက်တာ။ အဲဒါက ခိုင်မာတယ်။ အန္တရာယ်ကင်းတယ်။

အတွေးမှာလည်း သန့်ရှင်းတယ်။ အပြောမှာလည်း စင်ကြယ်တယ်။

အလုပ်မှာလည်း သံသယ ရှိစရာမရှိဘူး။ ဘယ်တော့မဆို လွတ်လပ်ပေါ့ပါးတယ်။

တွေ့တိုင်း ပျော်ရတယ်။ ကြည်နူးရတယ်။ အေးချမ်းတယ်။ ပီတိကို ဖြစ်စေတယ်။

မတ်ေတာစကားပဲ ကွားရမယျ။
အကျိုးဖြစ်စေတဲ့ စကားပဲကြားရမယ်။

ပုတ်ခတ်ခြင်း ရှုတ်ချခြင်း ဝေဖန်ခြင်း
ရှင်းတယ်။ ကြည်နူးစရာကောင်းတယ်။

ကိုယ်ကိုယ်တိုင်ကလည်း ဘာမှမလိုလားပဲ ဆက်ဆံရင် ကိုယ့်ဘက်ကလည်း ရှင်းတယ်။

သူ့ဘက်ကလည်း ရှင်းတယ်ဆိုတော့
တွေ့ရတာ အမြဲပေါ့ပါးတယ်။

ချုပ်ချယ်ခြင်းမပါ။ ကန့်ကွက်ခြင်းမပါပဲ
အမြဲ စိတ်ချမ်းသာစေတယ်။

ကိုယ့်ဘက်ကလည်း ဖြူဖို့လိုတာပေါ့။
ဒါဆို နေပျော်တဲ့ ဘဝတစ်ခု ရထားတာပဲ။

တကယ်လို့ ကိုယ့်မှာ ချုပ်ချယ်တဲ့ မိတ်ဆွေ ဖိအားပေးတတ်တဲ့ မိတ်ဆွေ လွှမ်းမိုးချင်တဲ့ မိတ်ဆွေမျိုးရှိရင်တော့ စိတ်မချမ်းသာတော့ ပါဘူး။

လူဆိုတာ ဖိအား မကြိုက်တတ်ဘူးလေ။ အဲဒီအမှန်တရားက ဆက်ဆံရေးကို
ပျက်ပြားသွားစေတယ်။

ကိုယ်ကိုယ်တိုင်ကလည်း သူတစ်ပါးအပေါ်
လွှမ်းမိုးချင်စိတ်နဲ့ ဆက်ဆံရင်တော့ မိတ်ပျက်
ဖို့ ဖြစ်တော့တာပါပဲ။

မေတ္တာမပါတဲ့ အတ္တဆက်ဆံရေး ဖြစ်သွားပြီ။ ဘယ်တော့မှ ကောင်းသော ဇာတ်သိမ်း မရှိ တတ်ဘူး။

ဒီနေ့မဖြစ် နောက်နေ့ဖြစ်မှာပဲ။
စိတ်မချရသော ဆက်ဆံရေးပါ။

ဒီတော့ ကိုယ်လည်း ဒီလိုလွှမ်းမိုးတာမျိုး ကြိုက်တာမှမဟုတ်ပဲ။ သူများကိုလည်း မလွှမ်းမိုးပါနဲ့။

သဘာဝတရားကြီးက ဖိလွန်းရင် ကြွတတ် တတ်တယ်။ လူကဲနပ်စွာ ဆက်ဆံတတ်ရတယ်။

ခဏသုံးအဖြစ်မျိုးတွေ ကြုံလာရမယ်။
ရေရှည် မိတ်ဆွေဆိုတာ ရှိမလာတော့ဘူး။

ဒီတော့ ဘဝမှာ အဆင်မပြေတာတွေ စရောက်လာတော့တာပါပဲ။

နောက်တစ်မျိုးကတော့ အရာရာ ဉာဏ်နဲစွာ ဆက်ဆံတတ်တဲ့ လူစားမျိုးပါပဲ။

ဦးဆောင်နိုင်စွမ်းမရှိပဲ အမြဲသူများ
အကြံဉာဏ်ကိုသာ မှီခိုနေတတ်တဲ့သူမျိုးပေါ့။

ကိုယ်ကိုယ်တိုင်က အဲဒီလိုလူစားဆိုရင်လည်း သူများလွှမ်းမိုးမှုကိုပဲ ခံနေရမှာပါ။ လွတ်လပ်တဲ့ ဘဝ မဟုတ်တော့ဘူး။

သူများအထင်သေး အမြင်သေး
ပြောတာကို အမြဲခံနေရမယ်။

သူများ မြည်တွန်တောက်တီး အပြစ်တင် နေတာကိုပဲ အမြဲကြားရမယ်။ အမြဲခေါင်းငုံ့
နေရတဲ့လူမျိုးပေါ့။

ဆက်ဆံရေးမှာ အရှုပ်ထုပ်တစ်ယောက်လို လူပိုတစ်ယောက်လို ဖြစ်နေလိမ့်မယ်။ သတိထားပြင်ဖို့ လိုပါတယ်။

ကိုယ်စွမ်းကိုယ်စ ရှိအောင်ကြိုးစားရမယ်။ လေ့လာနေရမယ်။

လူတိုင်းလေ့လာနေချိန်မှာ ထစ်ကနဲဆို သူများကိုပဲ မှီခိုဖို့ ကြိုးစားနေတတ်တာ မကောင်းပါဘူး။

မာန်ပြန်တင်းပြီး သူများနည်းတူ ခေါင်းတစ်လုံး ခြေနှစ်ချောင်း လက်နှစ်ဘက် ပါလာတာပဲ။

သူလုပ်နိုင်ရင် ကိုယ်လုပ်နိုင်ရမယ်လို့ ကိုယ့်ကိုယ်ကို အားပေးဖို့လိုပါတယ်။

တစ်ဘက်သားကို အမြဲမှီခိုနေဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။

အမြဲကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ပုံဖော်နိုင် အောင် အရည်အချင်းတစ်ခုခု ရှိလာအောင် ကြိုးစားရမယ်။

နောက်တစ်မျိုးကတော့ မေတ္တာမပါ ကိုယ်ကျိုး သက်သက်ကြည့်တတ်တဲ့ လူစားမျိုးပေါ့။

စကားတွေ လှိုင်နေအောင် ပြောတတ်တယ်။ ဒါပေမဲ့ လက်မပါတတ်ဘူး။ ပေါချောင်ကောင်း ဆိုတဲ့ စကားအမြဲသုံးလိမ့်မယ်။

ဘာလုပ်လုပ် ကိုယ်မနာအောင်
လုပ်တတ်တယ်။

ဒါကြောင့် သူနဲ့ပေါင်းတဲ့သူတွေ အမြဲထီပေါက် ကြတယ်။ အသုံးချခံရတာကို ပြောတာပါ။

အလှူလက်ဘက်နဲ့ မျက်နှာလုပ်တတ်တဲ့
လူစားမျိုးပါ။ အပါးကြီးလွန်းတယ်လို့ ခေါ်ပါတယ်။
ကိုယ်ကိုယ်တိုင် အဲဒီလိုလူစားမျိုး ဖြစ်နေပြီ
ဆိုရင် လူရွံတာခံရမယ်။ နှာခေါင်းရှုံ့တာ
ခံရမယ်။ လူရှောင်တာ ခံရမယ်။

လူမှုဆက်ဆံရေးဆိုတာ တစ်ဘက်သက်
ကြီး လုပ်လို့မရဘူးလေ။ ဒါကို သူမသိတာ
မဟုတ်ဘူး။

သူ့ရဲ့ အတ္တကြီးလွန်းမှု တစ်ကိုယ်ကောင်းဆန် မှုက လွှမ်းမိုးလွန်း အားကြီးနေလို့ အဲဒီလိုတွေ ဖြစ်ရတာ။

အောင်မြင်လိုချင်ရင် အဲဒီလို တစ်ကိုယ်
ကောင်းစိတ် သူများအသုံးချစိတ်ကို
လျှော့ချပစ်ဖို့ လိုပါလိမ့်မယ်။

နောက်ဆုံးတစ်မျိုးကတော့ လူတွေကို ကူညီတတ်တယ်။ ပေးတတ်တယ်။

ဒါပေမဲ့ အဲဒီလို ပေးလိုက်တာကနေ
သူ့အတွက် အကျိုးအကြီးကြီးတစ်ခု
ရအောင် ပြန်လုပ်တတ်တယ်။

တစ်နည်းအားဖြင့်တော့ အောင်မြင်ကြတယ်။ လောကကြီးကလည်း လူအ,က များတာကိုး။

ပေးပြီး ပြန်တောင်းတာလောက်ကတော့ သထာတယ်။ ပေးကြတယ်။

ဒါပေမဲ့ ဟိုလူက သူတို့ကို ခုတုံးလုပ်
သွားတာ မရိပ်မိကြဘူး။

ဒါပေမဲ့ ပညာရှိကဲ့ရဲ့တဲ့ လူစားမျိုးပါ။
တမလွန်အတွက်လည်း မကောင်းပါဘူး။

သူ့ရဲ့ကူညီမှုဟာ ဈေးဝယ်တာနဲ့တူတယ်။
ငွေကို ကောင်းကောင်းအသုံးချတတ်သူပေါ့။

ပေးပြီး အသုံးချတာ။ အကျိုးလိုလို့ ညောင်ရေ လောင်းတယ်ဆိုတဲ့ လူစားမျိုးပေါ့။

ကိုယ်ကိုယ်တိုင် အဲဒီလိုလူမျိုးဖြစ်နေရင် ပြင်ပါ။ မေတ္တာစစ်မွေးတတ်အောင် လေ့ကျင့်ယူပါ။ ပိုပြီးအောင်မြင်ပါတယ်။

ပေးရင် ပြန်ရတာအမှန်ပဲ။ ဒါပေမဲ့ ပေးပြီး
ယူမယ်ဆိုတဲ့ ယုတ်မာတဲ့စိတ်ကိုမဖြစ်ပါစေနဲ့။ တမလွန်အတွက် မကောင်းလို့ပါ။

ရိုးရိုးသားသားပေးပါ။ ကူပါ။ မတောင့်တပဲ အကျိုးတွေ မေတ္တာတွေ ပြန်ရပါတယ်။

မပေးဖူးသေးလို့ မယုံတာ ဖြစ်ချင်ဖြစ်ပါလိမ့်
မယ်။ ပေးနိုင်ရင် မေတ္တာစစ်နဲ့ ပေးနိုင်အောင်
သာ ကြိုးစားပါ။

လူမသိ နတ်သိပါတယ်။ ကိုယ့်ရဲ့ကံကလည်း အစွမ်းထက်လာပါတယ်။ အစွမ်းထက်တဲ့ ကုသိုလ်ဖြစ်သွားပါတယ်။

အစွမ်းထက်တဲ့ ကုသိုလ်မျိုးဟာ တောင့်တစရာမလို ပြည့်စုံစေပါတယ်။

ဘုန်းကြီးကိုယ်တိုင် အဲဒီအတိုင်း ကျင့်သုံး
နေတာဖြစ်တဲ့အတွက် အကျိုးထူးကို ခံစားနေရပါတယ်။

အားလုံးကျင့်သုံးနိုင်ကြ၍ အေးချမ်းပျော်ရွှင်ကြပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။

နေပူထဲမှ ‘အဖွားအို’

နေပူထဲမှ အဖွားအို

နွေရာသီ၏ နေ့လည်ခင်းနေသည်
အညှာတာကင်းစွာ ပူ ပြင်းနေ၏။

ရွာစည်းရိုးတန်းရှိ ရှားစောင်းပင်များဆီမှ ဒေါ်ရင်းကောင်းများ၏ ဆွဲဆွဲအီအီ
မြည်သံသည် အပူဓါတ်ကိုအားဖြည့်ပေးနေသည်။

နွေရာသီကျောင်းပိတ်ရက်ဖြစ်၍ ကျောင်းသားအချို့ ရွာလည် ဇရပ်မှာ
ဘုတ်တိုင်လုတန်း ကစားနေကြသည်။

“သားရေ မောင်ကျော် နေကသိပ်ပူတယ် ဟိုသွား ဒီသွား
မလုပ်နဲ့နော်။ ဇရပ်မှာ ကစားချင်ကစားနေ။ အမေ တရေးလောက်
အိပ်ချင်လို့”

မူလတန်းကျောင်းအုပ်ဆရာမကြီး
ဒေါ်စောရှင် လမ်းတစ်ဖက် ကုက္ကိုလ်ပင်ရိပ်မှ လှမ်းပြောနေခြင်းဖြစ်သည်။

“မသွားပါဘူး အမေ”

မောင်ကျော်ကဘုတ်တိုင်ကိုဖက်ထားရင် ပြန်ပြောလိုက် ၊သည်။

ဆရာမကြီးသည် ဇရပ်ဘေးမှာထောင်ထားသော နီညိုရောင်
`စက်ဘီးလေးကို လှမ်းကြည့်လိုက်သည်။
ဤစက်ဘီးကို ဝယ်ပေးထားသည်မှာ
တစ်ပတ်ခန့်သာ ကြာသေးသည်။

မောင်ကျော် ယခုနှစ်တွင်
စတုတ္ထတန်းအောင်၍ကျောင်းဖွင့်လျှင်
မြို့ကျောင်းသွားတက်ရန်ဝယ်ပေးထား ခြင်းဖြစ်သည်။

“စိတ်ချပါအမေ မသွားပါဘူး”

စက်ဘီးကိုလှမ်းကြည့်နေသော
အမေ စိတ်အေးအောင်
မောင်ကျော် ကတိပေးလိုက်သည်။

“အေး .. အေး သွားရင်တော့
အမေရိုက်မှာနော်…”
“ဟုတ်ကဲ့ပါ အမေ”
ဆရာမကြီး ဒေါ်စောရှင် စိတ်ချလက်ချ အိမ်ပြန်သွားသည်။

မောင်ကျော် သူငယ်ချင်းများနှင့်
ဆက်ကစားနေသည်။
ခွေးရူးလိုက်သည်ကို လွတ်အောင်ပြေးရသည်။ ကိုယ်က
ခွေးရူးဖြစ်တော့လည်း တစ်ယောက်ကိုမိအောင်လိုက်ရသည်။
‘ သူငယ်ချင်းများနှင့် ကစားရသည်ကို ပျော်၍ နေသည်ကို
သတိမရ။
“ဇရပ်ကြီး၏ကျွန်တိုင်လုံးများမှာ အစဉ်အဆက်ကလေးများ
ဘုတ်တိုင်လုတန်းကစားခဲ့ကြ၍ ပြောင်ချောနေသည်။
မောင်ကျော်တို့ကလေးများ တစ်တိုင်ပြီးတစ်တိုင် လက်နှင့်
ဆွဲဖက်ပြီးလှည့်ပတ်ပြေးနေကြသည်။
“ဂွမ်း ”
| ဇရပ်ဘေးမှအရိပ်တွင် ထင်းစည်းကိုပစ်ချလိုက်သောအသံ
ဖြစ်သည်။
မောင်ကျော်ဘုတ်တိုင်ကိုဖက်ထားရင်းလှမ်းကြည့်လိုက်သည်။
ရွာအနောက်ပိုင်းမှ ဖွားကြီးငြိမ်းဖြစ်သည်။ မျက်နှာမှာချွေး
များကို ပုဆိုးစုပ်တစ်ထည်နှင့် လုပ်နေရှာသည်။ ။
“သော် ဒုက္ခ •• ဒုက္ခ ငါသာသေလိုက်ပါတော့ဟယ်”
. ဖွားကြီးငြိမ်းသည် ညည်းညူလိုက်သည်။ သူ့ကိုကြည့်ရ
သည်မှာ တော်တော်မောနေဟန်တူပါသည်။ ဗိုက်ကိုလက်နှစ်ဖက်ဖြင့်
ထောက်၍ အမောဖြေနေသည်။
“ဟဲ့ကလေးတွေ . . ဒီထဲမှာ သံချောင်းမပါဘူးလား”
သူ့မြေးကိုမေးခြင်းဖြစ်သည်။
“သံချောင်းမပါဘူး ”
သံချောင်းကအော်ဖြေလိုက်၍ အားလုံးရယ်ကြရသည်။
“သော် • ဒုက္ခ ဒုက္ခ ဒီကောင်လေးကလဲ ဘယ်ရောက်
နေမှန်းမသိဘူး..”
အဖွားကြီးမျက်စိမှုံနေ၍ ဇရပ်ပေါ်မှ သံချောင်းကို
ကောင်းကောင်းမမြင်၊

“အဖွားကြီးသံချောင်းရှိတယ် … သံချောင်းမပါဘူးလို့
ပြောတာ သံချောင်းပဲ ဒီမှာ ..”
ကိုအေးက သံချောင်းလက်ကိုဆွဲလာပြသည်။
“မဟုတ်ဘူး … သူညာတာ ..”
“ဟဲ့ သံချောင်း လာစမ်း.. လာစမ်း ”
ဖွားကြီးငြိမ်းမြင်သွားပါပြီ ။
“ဘာလုပ်မလို့လဲ.. ဒီမှာကစားနေတယ် မအားဘူးဗျ”
“ပြီးမှပြန်လာကစားပါ ငါ့မြေးရယ် တောမှာအဖွားဘိနပ်
မေ့ကျန်နေခဲ့လို့ သွားယူပေးစမ်းပါ ”
“မယူချင်ဘူးဗျာ..သိပ်ရှုပ်တာပဲ..”
သံချောင်းက တူးတူးခါးခါးငြင်းလိုက်သည်။
“ဪ ဒုက္ခ ဒုက္ခ နေကလဲပူလိုက်တာ သွားရမှာ
ကလဲ အဝေးကြီး ”
အဖွားကြီး ညည်းညူရင်း လုံချည်ကို တင်းတင်းပြင်ဝတ်၍
ပြန်သွားရန်ပြင်နေသည်။
““ဟေ့ကောင် သံချောင်း သွားယူပေးလိုက်ပါကွာ .
ဘွားကြီးငြိမ်း သနားပါတယ် ..”
မောင်ကျော်ကသံချောင်းကို လှမ်းပြောသည်။
““မသွားချင်ပါဘူးကွာ … ဒီလောက်တောင် နေပူနေတာ

•• သူမေ့တာ သူ့ဘာသာသွားပေါ့ ”
သံချောင်းပြောမှာ တင်းမာ၍ သနားကြင်နာကင်းသည်။
ဖွားကြီးငြိမ်းမှာ အသက်(၅၀) ကျော်နေပြီ။ မငြိမ်းအေး
နိုင်သေး။ နေပူကြီးထဲတစ်ခေါက်ပြန်သွားရအုံးမည်။ ။
အဖွားကြီးကိုလှမ်းကြည့်ပြီး မောင်ကျော်သနားစိတ်ဖြစ်မိ
သည် အဖွားကြီးသွားနေပုံက တရွေ့ရွေ့။ နေကလည်းခြစ်ခြစ်
တောက်အောင်ပူလျှက်၊
“ဘယ်လောက်ဝေr လဲ။ ဒီသွားနေပုံနဲ့ဆို တော်တော်နဲ့
ရောက်မှာမဟုတ်”
– “ငါ့စက်ဘီးနဲ့သွားယူပေးရင် … ။
မောင်ကျော်တွေးပြီးမှ အမေကနေပူထဲဘယ်မှမသွားရန်
မှာထားသည်။ သွားလျှင်ရိုက်မည်ဟုလည်း ပြောသွားသည်။
အဖွားကြီးဆီကိုလှမ်းကြည့်လိုက်သည်။ ခြစ်ခြစ်တောက်
| အောင် ပူနေသောနေပူကြီးထဲမှာ တရွေ့ရွေ့ လျှောက်လှမ်းလျှက်။
“ငါ့စက်ဘီးနဲ့အမြန်နင်းပြီးသာယူပေးရင် ခဏလေးနဲ့
ရောက်လာမှာ”
အဖွားကြီးကို ကူညီချင်စိတ်ဖြစ်မိသည်။
“ကဲ အမေရိုက်ချင်လဲရိုက်ပါစေတော့”
အဖွားကြီးကိုကူညီရန် မောင်ကျော်ဆုံးဖြတ်လိုက်သည်။

“ဖွားငြိမ်းဖွားငြိမ်း”
မောင်ကျော် လှမ်းခေါ်လိုက်သည်။
အဖွားကြီးမှာ လမ်းမပေါ်သို့ခြေလှမ်းခြောက်လှမ်းခန့်
ရောက်နေပြီ။
“ဟေ့ဘယ်သူလဲဟဲ”
“ကျွန်တော်ပါ။ ကျွန်တော်သွားယူပေးမယ်၊ ဘယ်နားမှာ
ကျန်ခဲ့တာလဲ”
“ဟင် အင်း”
၊ အဖွားကြီး ဇရပ်ဆီသို့ ပြန်လှည့်လာသည်။
ကူညီမည်ဆိုသူကို ဝေသီသောမျက်လုံးများနှင့်လိုက်ရှာ
နေသည်။
“ငါ့ကိုနောက်ပြောင်ပြောတာလား” ဟူလည်း သံသယံဖြစ် ”
လာသည်။
“ပြောလေ အဖွား ကျွန်တော်သွားယူပေးမယ်”
မောင်ကျော်က ဇရပ်၏အစွန်းနားထိသွား၍ အဖွားကြီးရှေ့
မှာရပ်လိုက်သည်။
“ဪ အေးအေး ဒီကသွားရင် စင်္ကြန်ကုန်းလွန်ပြီးတော့
ဖိုးရွှေတို့တောသိလား”
မောင်ကျော် ခေါင်းညိတ်လိုက်သည်။
“ဖိုးရွှေတို့တောကျော်ပြီးရင် ကျော်သိန်းတို့ ကြံခင်းရှိတယ်။
အဲ့ဒီကြံခင်းကျော်ရင် ရှားပင်ကွင်းဖြတ်ပြီးတာနဲ့ ခတက်ပင်
ကုန်းရောက်ပြီး ကုန်းပေါ်မှာ ထနောင်းပင်တစ်ပင်တွေ့လိမ့်မယ်
အဲ့ဒီထနောင်းပင်လေးအောက်က မီးဖိုလေးဘေးမှာ ထားခဲ့တာ ”
မောင်ကျော်အသေအချာမှတ်ထားသည်။ အဖွားကြီးပြောပုံ ၊
. အရဆိုလျှင်တော်တော်ဝေးသည်။
‘ ဤမျှဝေးသောခရီးကို အဖွားကြီးသာတစ်ခေါက်ပြန်သွား
ရလျှင် တော်တော်နှင့် ပြန်ရောက်မည်မဟုတ်။
“ရတယ် ဖွာငြိမ်း ကျွန်တော် စက်ဘီးနဲ့ သွားယူပေးမယ်
ဒီဇရပ်ကပဲ စောင်နေ”
မောင်ကျော်စက်ဘီး ဒေါက်ကိုဖြုတ်လိုက်သည်။ ။
“ဟဲ ဟဲ မင်းကဘယ်သူသားတုန်း အဖွားကို ပြောပါဦး”
ဖွားငြိမ်းက မောင်ကျော်စက်ဘီးကိုကိုင်ပြီး ဝေသီသော ၊
မျက်လုံးများနှင့် မောင်ကျော်ကိုကြည့်နေသည်။ –
“ဆရာမကြီး ဒေါ်စောရှင်သား”
“ဟေ့ ဆရာမကြီးသားဟုတ်လား”
“ဟေ့ကောင် မောင်ကျော် မင်း မသွားနဲ့။ ဆရာမကြီးက
သွားရင်ရိုက်မယ်လို့ အသေအချာလာပြောထားတာ။ ရင်
ငါတိုင်မှာ။

ဘိုအေးက ခြိမ်းခြောက်စကားဆိုသည်။
ဘိုအေးကို မောင်ကျော်လှမ်းကြည့်လိုက်သည်။ တိုင်မှာ
သေချာသည်။
“ဪ နေပါစေတော့ကွယ် ငါ့ဘာသာသွားပါတော့မယ်”
ဘိုအေးစကားကြောင့် မောင်ကျော်ကိုဒုက္ခမပေးချင်၍
စွာငြိမ်း သူ့ဘာသာထွက်သွားပါသည်။ သွားနေပုံကတရွေ့ရွေ့
တလှုပ်လှုပ်။ နေပူကြီးထဲမှာ အဖွားကိုမောင်ကျော်လှမ်းကြည့်ပြီး
မောင်ကျော်ဆုံးဖြတ်လိုက်သည်။ ဘိုအေး တိုင်ချင်တိုင်ပါစေ။
အမေရိုက်လျှင်ခံတော့မည်။
“အဖွား ကျွန်တော်သွားယူပေးမယ်…”
အဖွားကြီးကိုလှမ်းအော်ပြောပြီး မောင်ကျော် စက်ဘီးကို
ခပ်မြန်မြန်နင်းထွက်ခဲ့သည်။
ရှားစောင်းပင်များ စောင်ကြမ်းပင်များ ပေါက်ရောက်ရာ .
စကြကုန်းကို ခပ်ဝေးဝေးတွင်လှမ်းမြင်ရပါသည်။ စကြံကုန်း၏
အလယ်တွင် မန်ကျည်းပင်ကြီးတစ်ပင်ထီးထီးရှိနေ၏။
ထိုမန်ကျည်းပင်ကြီးဆီသို့ တူရှူပြု၍ လှည်းလမ်းကြောင်း
အတိုင်းစက်ဘီးကို အမြန်နင်သည်။ ခေါင်းတွင် ဦးထုပ်မပါ၍ နေက
တော်တော်ပူသည်။ သို့သော် စက်ဘီးအမြန်နင်း၍လေတိုးနေသော
ကြောင့် အပူသက်သာသည်။
“အဖွားကြီးသာဆိုရင် ဖြည်းဖြည်းသွားနေတာ ဘယ်
လောက်ပူမလဲ”
| စာနာသောအတွေးစိတ်ဝင်၍ အပူသက်သာသွားသလိုထင်
မိ၏။
မြင်ရသော စကြံကုန်းကိုပင်
စက်ဘီးဖြင့်တော်တော်ကြာ
အောင်သွားရသည်။
စကြံကုန်းပေါ်ရောက်တော့
ဒေါ်ရင်းကောင်များ၏ အော်
မြည်သံများဖြင့် ဆူညံနေသည်။
နေပူချိန်မို့ လူတစ်ယောက်မျှမတွေ့ရ။

စကုန်းကျော်ပြီးတော့
လှည်းလမ်းကြောင်းက မထင်မရှား
ဖြစ်လာသည်။ တောသွားလမ်းကြောင်းသာဖြစ်သည်။ သို့သော်
စက်ဘီးနင်း၍ ရပါသည်။
ကိုဘိုးရွှေတောရောက်ပြီး၊ ရိတ်ပြီးသားနှမ်းငုတ်တိုများကြားမှ
လှည်းလမ်းကြောင်းအတိုင်း
စက်ဘီးကိုဆက်နင်းသည်။
ဟုတ်ပြီး ရှေ့မှာ ကြံခင်းကိုလှမ်းမြင်ရပြီး
ဖွားငြိမ်းပြောသော ကိုကျော်သိန်း
ကြံခင်းဖြစ်သည်။

ကြံခင်းကိုရောက်တော့
စက်ဘီးဆက်စီး၍မရ။
မောင်ကျော်ဘီးပေါ်မှဆင်းပြီး
စက်ဘီးကိုရပ်ထားခဲ့သည်။
ကြံခင်းကိုပတ်သွားရမည်။ နေပူသက်သာအောင်ပြေးသွားလိုက်သည်။

ကြံခင်းကိုလွန်၍ ရှားပင်ကွင်းကို
ရောက်ပြီး၊ ရှားပင်ကွင်း
ကျော်ပြီး နောက်ရှေ့မှ ခတက်ပင်ကုန်းဆီသို့လှမ်းကြည့်လိုက်သည်။
“ဟာ အဲ့ဒါမှ ပြဿနာပဲ”အဖွားကြီးက ထနောင်းပင်အောက်မှာဟုပြောသည်။
ခတက်ပင်ကုန်းပေါ်မှာ
ထနောင်းပင်ကတစ်ပင်တည်းမဟုတ်။
ကုန်းစောင်းမှာလှမ်းမြင်ရသည်က
ပင်သုံးပင် ကုန်းပေါ်ကအတွင်း
ဘက်ပိုင်းမှာလည်း လှမ်းမြင်နေရသည်ကအများကြီးဘယ်အပင်မှန်းမသိ။

“ထနောင်းပင်အောက်က မီးဖိုဘေးမှာ ..”
မောင်ကျော်စိတ်ထဲမှာ ပြန်ပြောနေမိသည်။
“မီးဖိုလေးရှိတဲ့ ထနောင်းပင်ကိုရှာမယ်”
အနီးဆုံးထနောင်းပင်ဆီသို့ပြေးသည်။
နီးလာပြီ။ မီးဖိုမရှိ၍ ထနောင်းပင်အထိ
မသွားတော့ပဲ အခြားတစ်ပင်ဆီသို့ပြေးသည်။

ထနောင်းပင်အောက်ရောက်သည်အထိ မီးဖိုမတွေ့။
နောက်တစ်ပင်ရှိရာသို့ပြေးရပြန်သည်။ မီးဖိုရှိသည်။ ဖိနပ်မတွေ့။

ပို၍ဝေးသော ထနောင်းပင်ဆီသို့ပြေးသည်။ ကုန်းတက်ကို
ပြေးရ၍ နည်းနည်းတော့မောသည်။ သို့သော် နေဒဏ်ကိုကြာကြာ
မခံရအောင် ဆက်ပြေးသည်။ မတွေ့သေး။ တစ်ပင်ပြီးတစ်ပင်
ပြေးပြေးလွှားလွှား ရှာနေရသည်။ ‘
““ဟော တွေ့ပြီ။
မောင်ကျော် ဝမ်းသာစိတ်နှင့် ပျော်သွားသည်။
မီးဖိုလည်းရှိသည် မီးဖိုဘေးမှာ
ကြက်ပေါင်ဖိနပ်ကလေး
တစ်ရံ။ ဘိနပ်ကလေးမှာ
ဖွားငြိမ်းစီးထား၍ အမြီးပင်တိုနေပြီ။
မောင်ကျော် ဝမ်းသာအားရ ဘိနပ်ကလေးကို ကောက်ယူလိုက်သည်။
သူ့ဘိနပ်ပြန်ရလျှင် ဖွားငြိမ်းဝမ်းသာစိတ်ဖြစ်လိမ့်မည်ဟု တွေးရင်း
မောင်ကျော်အမြန်ဆုံးပြေးထွက်လာခဲ့သည်။
အပြန်ခရီးကပို၍မြန်၏။
– သို့သော် ဇရပ်ရောက်တော့
ဖွားငြိမ်းကိုမတွေ့ရကစားသူ
လည်းတစ်ယောက်မျှမရှိ။
ဖွားငြိမ်းအိမ်အထိရောက်အောင်
စက်ဘီးကိုဆက်နှင်းသွားပြီး ဖိနပ်ကလေးပေးလိုက်သည်။

“အမယ်လေး မောင်မင်းကြီးသား
ဘုရားဖြစ်မယ့်လူ။
ရွှေကျောင်းဆောက်။ ကျုပ်မြေးတောင်
ဒီလိုလုပ်မပေးပါဘူးတော်။ ။
ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းပါ။
မောင်ကျော်ပြန်ထွက်လာသည်အထိ အဖွားကြီးမှာ ဆုများပေး၍မပြီးသေး။

, မောင်ကျော် အိမ်ပြန်ရောက်တော့
အမေအိပ်ရာနိုးနေပြီ။
မောင်ကျော်ကိုစောင့်ကြိုလျက်။
မောင်ကျော်အမှန်အတိုင်းပြောပြီး
ရိုက်လျှင်ခံမည်ဟု အရှေ့မှာရပ်လိုက်သည်။

“ငါ့သား တောသွားပြီးဖွားငြိမ်း
ဖိနပ်ယူပေးတယ်ဆို”
““ဘိုအေးတိုင်တာလား အမေ”
မောင်ကျော်က ပြန်မေး၍ အမေပြုံးလိုက်သည်။
“ဘိုအေးကလဲလာတိုင်တယ်။ ဖွားငြိမ်းကလဲ အိမ်ဝင်ပြော
သွားတယ်။
ဆုတွေပေးပြီးချီးမွမ်းသွားလိုက်တာ … တစ်လမ်းလုံး
လူတိုင်းကြားတယ် …”
| အမေ့မျက်နှာ တင်းတင်းမာမာမဟုတ်ရုံသာမက လေသံ
ကလည်း မကျေမနပ်မဟုတ်သည်ကို မောင်ကျော် သတိထားမိသည်။
“ငါ့သားကို အမေမရိုက်ပါဘူး။ ငါ့သားက စိတ်ကောင်း
တာပဲ။ အသက်ကြီးတဲ့အဖွားကြီးကို ကူညီတော့ ကုသိုလ်ရတာပေါ့။
နေပူထဲက ပြန်လာတာ
ရေအေးမသောက်နဲ့ ငါ့သား ရော့ ဒီမှာ
ရေနွေးပူပူတစ်ခွက်သောက်လိုက်”

အမေရိုက်လျှင်ခံမည်ဟုမျှော်လင့်ထားသော်လည်း အမေဆူရုံမျှပင်မပြု
ချီးမွမ်းစကားဆို၍ ကိုယ်ပြုသော
ကောင်းမှုအတွက်

မောင်ကျော် ကျေနပ်မိသည်။

အမေပေးသော ရေနွေးပူပူကိုသောက်လိုက်သည်။ ရင်ထဲမှာ အေးမြလျက်။

လယ်တွင်းသား’စောချစ် ‘


Share , KoPyae

Create your website at WordPress.com
Get started
%d bloggers like this: