
“ အရှေ့ကျောင်းသားသူတောင်းစား၊ လည်ပေါ်ကျောင်းသားအကောင်းစား။ ကျောက်မီးသွေးမို့မဲသကို၊ တို့ကျောင်းသားမို့မဲသကို၊ ဟေ့လားမောင်ရို့ဝါး……” ဟုအားရပါးရ ဆူညံစွာ အော်ဟစ်ပြေးလွှားလာကြသော ကလေးတစ်စုသည်ကား လည်ပေါ်ဘုန်းကြီးကျောင်းသားကလေးများဖြစ်ကြသည်။ ၄င်းတို့ကျောဘက် တင်းချလယ် တစ်ခွက်လောက် အကွာတွင် ချည်လုံချည်ကို ပြာတာကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲဝတ်လျက် ခေါင်းငိုက်စိုက်နှင့် တစ်လှမ်းချင်းလာနေသော မောင်ချစ်သည် ဧဝံမေသုတံ ဧကံသမယံ-ဟု တတွတ်တွတ်ရွတ် လျက်ရှိ၏။ ဆေးတစ်အိုးကျွမ်းလောက် အကြာတွင် အရှေ့သို့လှမ်းကြည့်လိုက်ရာ၊ ပန်းပုဆရာကြီးဦးအောင်ချာ၏ ကနားဖျင်းထဲ၌ ကျောင်းသားသူငယ်ချင်းများ ဝိုင်းအုံနေသည်ကိုတွေ့ရလေ၏။ မိမိသည်လည်း အကြောင်းကိုသိလိုသောကြောင့် ပြေးသွားတိုးဝင်ကြည့်ရှုလေ၏။ ဦးအောင်ချာသည် ဆင်စွယ်မင်းသမီးရုပ်ကလေးတစ်ခုကို ထုလျက်ရှိ၏။ ထုလုပ်စဖြစ်၍ရုပ်လုံးပေါ်ရုံမျှပင်ရှိသေး သော်လည်း အရုပ်ကလေးမှာနွဲ့နှောင်း ဖြူဖွေး ချစ်စရာကလေးဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဖိုးစ၊ ဖိုးလှတို့တစ်စု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေပြင်ပေါ်တွင်ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင်မေးတင်ပြီးလျှင် အငေးသားကြည့်လျက်ပင်ရှိသေး၏။ “ဘကြီးအောင်၊ […]
ဘကြီးအောင်ညာတယ် — 緬甸仔 Burma Guy